ရုရှားနိုင်ငံသည် လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်၍ ပြည်ပသို့ ဓာတ်ဆီတင်ပို့ရောင်းချမှုကို ဇူလိုင်လ ၃၁ ရက်နေ့အထိ ယာယီပိတ်ပင်သွားမည်ဖြစ်ကြောင်း AP နှင့် TASS သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ ဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါးနိုဗက်က အရှေ့အလယ်ပိုင်းအကျပ်အတည်းကြောင့် ကမ္ဘာ့စက်သုံးဆီဈေးကွက် မတည်မငြိမ်ဖြစ်နေမှုကို တုံ့ပြန်ရန်နှင့် ပြည်တွင်း၌ စက်သုံးဆီဖူလုံမှုရှိစေရန် ယခုကဲ့သို့ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ ရုရှားအနေဖြင့် ပြည်ပဈေးကွက်တွင် ၎င်းတို့၏ စွမ်းအင်အရင်းအမြစ်များအပေါ် ဝယ်လိုအားမြင့်တက်နေသော်လည်း၊ လက်ရှိ ရေနံချက်လုပ်နိုင်မှုပမာဏမှာ ပုံမှန်အတိုင်းရှိနေသဖြင့် ပြည်တွင်းသုံးစွဲမှုအတွက် စိုးရိမ်ရန်မရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါသည်။
Mar 28 • 7:34 AM
Myanmar
International
Share
| 15 | 0 | 0 | 0 |


