back

ဧပြီလအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းမှတစ်ဆင့် မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်း

Mar 28 • 7:31 AM

breaking-news

Myanmar

Local

cover

ဧပြီလအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းမှတစ်ဆင့် မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်း

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီလပတ်အတွက် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပ...

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီလပတ်အတွက် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။ ထို့ပြင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်းအပါအဝင် ဒေသအများအပြားတွင် ဧပြီလ ပျမ်းမျှအပူချိန်ထက် ၁.၅ ဒီဂရီစင်တီဂရိတ်ခန့် ပိုမိုပူပြင်းနိုင်ပြီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်၊ ရှမ်း၊ ရခိုင်ပြည်နယ်တို့တွင်မူ ပုံမှန်ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးထားပါသည်။

news-view-count-icon

13