လူပေါင်း ၃၇၀၀ ကျော် သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ပ မာဏများခဲ့တဲ့ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ မန္တလေး ငလျင်ကြီးလှုပ်ခတ်ခဲ့တာ ဒီကနေ့ဆို (၁) နှစ်တိတိပြည့်ခဲ့ပါပြီ။အဲဒီ အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်မှုကြောင့် ငလျင်ဗဟိုချက်အနီးက စစ်ကိုင်းနဲ့ မန္တလေးမြို့တွေဟာ အထိအခို က်အပျက်အစီး ကြီးမားခဲ့သလို လူသေသဆုံးမှု အများဆုံးဖြစ်ခဲ့ရပါတယ်။ငလျင်ဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ အဲဒီဒေသတွေက ပြည်သူတွေဟာ ငလျင်လှုပ်ပြီးလို့ (၁) နှစ်ကြာလာတဲ့အချိန်ထိ စိတ်ဒဏ်ရာတွေနဲ့ နေထိုင်နေကြရပြီး ပြန်လည်ထူထောင်ရေးအတွက် အလုံးစုံ မလုပ်ဆောင်နေသေးဘူးလို့ သိရပါတယ်။
Mar 28 • 7:25 AM
Myanmar
Mandalay
Share
| 12 | 0 | 0 | 0 |


