ပြီးခဲ့သည့် မတ်လ ၂၆ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ၌ မြန်မာအသင်းက အာဖဂန်နစ္စတန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တိုက်စစ်မှူး သန်းပိုင်က ၎င်း၏လုပ်ဖော်ကိုင်ဖက် မောင်မောင်လွင်အား ကွင်းအတွင်း ပြန်လည်ရောက်ရှိလာစေရန် တိုက်တွန်းစည်းရုံးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ မောင်မောင်လွင်သည် ပြီးခဲ့သည့် မတ်လ ၁၁ ရက်က ရတနာပုံအသင်းနှင့်ပွဲတွင် ပရိသတ်တစ်ဦးကို ကိုယ်ထိလက်ရောက် တွန်းထိုးခဲ့မှုကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ထံမှ ၆ လ ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေ ကျပ်သိန်း ၃၀ ချမှတ်ခံခဲ့ရပြီးနောက်၊ မတ်လ ၁၅ ရက်တွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ သန်းပိုင်က မောင်မောင်လွင်သည် အသင်းအတွက် အရေးပါသည့် အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ပြီး ယခုဖြစ်စဉ်မှာ ခဏတာစိတ်လိုက်မာန်ပါဖြစ်သွားခြင်းသာဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် မောင်မောင်လွင်ကဲ့သို့ ကစားသမားမျိုးကို မဆုံးရှုံးလိုသဖြင့် ပြန်လည်ဝင်ရောက်ကစားရန် စည်းရုံးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
Mar 28 • 7:18 AM
Myanmar
Local
Share
| 18 | 0 | 0 | 0 |


