back

ရှမ်းတောင်တွင် စတော်ဘယ်ရီဈေးကျ၍ အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုးလာ

Mar 28 • 7:19 AM

breaking-news

Myanmar

Shan

cover

ရှမ်းတောင်တွင် စတော်ဘယ်ရီဈေးကျ၍ အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုးလာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးနှင့် ဟိုပုံးမြို့နယ်တို့တွင် စတော်ဘယ်ရီဈေးကွက် မတည်ငြိမ်ခြင်းနှင့် ဈေးနှုန်းအဆမတန် ကျဆင်းခြင်းတို့ကြောင့် ဒေသခံတောင်သူများမှာ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးနှင့် ဟိုပုံးမြို့နယ်တို့တွင် စတော်ဘယ်ရီဈေးကွက် မတည်ငြိမ်ခြင်းနှင့် ဈေးနှုန်းအဆမတန် ကျဆင်းခြင်းတို့ကြောင့် ဒေသခံတောင်သူများမှာ စတော်ဘယ်ရီစိုက်ခင်းများကို ဖျက်သိမ်းကာ အခြားသီးနှံများသို့ ပြောင်းလဲစိုက်ပျိုးလာကြကြောင်း သိရသည်။ ယခင်က စတော်ဘယ်ရီတစ်ပုံးလျှင် ကျပ် ၂၀,၀၀၀ ကျော် ရရှိခဲ့သော်လည်း လက်ရှိတွင် ကျပ် ၃,၀၀၀ ခန့်သာ ဈေးရတော့သည့်အပြင်၊ မကြာသေးမီက မိုးသီးကြွေမှုကြောင့် အသီးများ ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် တောင်သူများ အရှုံးပေါ်ကာ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရသည်။ ထို့ကြောင့် တောင်သူအများစုမှာ စတော်ဘယ်ရီပင်များကို ခုတ်ထွင်ရှင်းလင်း၍ ဈေးကွက်ပိုမိုခိုင်မာသော ကြက်သွန်၊ ဆလပ်၊ ကိုက်လံနှင့် သခွားသီး စသည့်သီးနှံများကို အစားထိုးစိုက်ပျိုးရန် ပြင်ဆင်နေကြကြောင်း သိရှိရပါသည်။

news-view-count-icon

8