back

ဖူးခက်တွင် လမ်းပေါ် ဆိုင်ကယ် စတန့်ထွင်စီးသည့် နိုင်ငံခြားသား ၂ ဦးကို ဖမ်းဆီးအရေးယူ

Mar 28 • 7:12 AM

breaking-news

Thailand

Local News

cover

ဖူးခက်တွင် လမ်းပေါ် ဆိုင်ကယ် စတန့်ထွင်စီးသည့် နိုင်ငံခြားသား ၂ ဦးကို ဖမ်းဆီးအရေးယူ

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ အနောက်ကျောက်ဖလမ်းမပေါ်တွင် မတ်လ ၂၅ ရက်နေ့က ဆိုင်ကယ်ရှေ့ဘီးထောင်၍ အန္တရာယ်ရှိစွာ စတန့်ထွင်မောင်းနှင်ခဲ့သည့် နိုင်ငံခြားသား ၂ ဦးကို ...

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ အနောက်ကျောက်ဖလမ်းမပေါ်တွင် မတ်လ ၂၅ ရက်နေ့က ဆိုင်ကယ်ရှေ့ဘီးထောင်၍ အန္တရာယ်ရှိစွာ စတန့်ထွင်မောင်းနှင်ခဲ့သည့် နိုင်ငံခြားသား ၂ ဦးကို ဖူးခက်ရဲတပ်ဖွဲ့က သတင်းထွက်ပေါ်လာပြီး ၃ နာရီအတွင်း ဖမ်းဆီးအရေးယူခဲ့သည်။ ဖမ်းဆီးရမိသူများမှာ ဗြိတိန်နိုင်ငံသား ဟယ်ရီနှင့် အိုင်ယာလန်နိုင်ငံသား ဘရိုင်ယန်တို့ဖြစ်ပြီး ၎င်းတို့အား Lotus ကုန်တိုက်အတွင်း၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့စီးနင်းသည့် Honda CRF 450R နှင့် Yamaha MT-07 ဆိုင်ကယ် ၂ စီးကို သိမ်းဆည်းခဲ့ပြီး၊ စစ်ဆေးချက်အရ ၎င်းတို့တွင် နိုင်ငံတကာယာဉ်မောင်းလိုင်စင်များလည်း မရှိကြောင်း သိရသဖြင့် ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် သက်ဆိုင်ရာသို့ အပ်နှံထားကြောင်း ဖော်ပြထားပါသည်။

news-view-count-icon

14