back

ပြည်တွင်း၌စီးပွားရေးအရ တွက်ခြေမကိုက်သဖြင့် စက်မှုဝန်ကြီးဌာနပိုင် စက်ရုံ (၁၃) ရုံ ရပ်နားထားရ

Mar 28 • 7:00 AM

breaking-news

Myanmar

Local

breaking-news
cover

ပြည်တွင်း၌စီးပွားရေးအရ တွက်ခြေမကိုက်သဖြင့် စက်မှုဝန်ကြီးဌာနပိုင် စက်ရုံ (၁၃) ရုံ ရပ်နားထားရ

ပြည်တွင်း၌စီးပွားရေးအရ တွက်ခြေကိုက်မှုမရှိတာကြောင့် စက်မှုဝန်ကြီးဌာနပိုင် စက်ရုံ (၁၃) ကို ရပ်နားထားရကြောင်း အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းကနေ သိရပါတယ်။ရပ်နားထား...

ပြည်တွင်း၌စီးပွားရေးအရ တွက်ခြေကိုက်မှုမရှိတာကြောင့် စက်မှုဝန်ကြီးဌာနပိုင် စက်ရုံ (၁၃) ကို ရပ်နားထားရကြောင်း အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းကနေ သိရပါတယ်။ရပ်နားထားရတဲ့ နိုင်ငံပိုင်စက်ရုံတွေကို ပုဂ္ဂလိကကုမ္ပဏီတွေထံ ငှားရမ်းဆောင်ရွက်စေပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတဲ့အကြောင်း တာဝန်ရှိသူတစ်ဦးက အင်တာဗျူးတစ်ခုမှာ ပြောကြားထားပါတယ်။

စက်မှုဝန်ကြီးဌာနရဲ့ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းလက်အောက်မှာ စက်ရုံ (၂၃) ရုံ ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ လည်ပတ်စက်ရုံ (၁၀) ရုံနဲ့ ရပ်နားစက်ရုံ (၁၃) ရုံ ရှိခဲ့ကြောင်း သိရပါတယ်။

ရပ်နားထားသည့် စက်ရုံ (၁၃)ရုံက ရော်ဘာပစ္စည်းစက်ရုံခွဲ(ရွှေဟင်္သာလမ်း)၊ အမှတ်(၂၂)အကြီးစားစက်ရုံ (ဘီးလင်း)၊ အီလက်ထရွန်နစ်ပစ္စည်းနှင့် လျှပ်စစ်မော်တာစက် (SE)၊ ဓာတ်ခဲအလုပ်ရုံ(တောင်ဒဂုံ)၊ အောက်ဆီဂျင်ဓာတ်ငွေ့နှင့် အက်ဆီတလင်းဓာတ်ငွေ့အလုပ်ရုံ၊ ခရမ့်ရော်ဘာစက်ရုံ(သံဖြူဇရပ်)၊ အမှတ်(၃၃)အကြီးစားစက်ရုံ(ကျောက်ဆည်)၊ ကျောက်ပြားထုတ်လုပ်ရေးဌာန(စကျင်)၊ အမှတ်(၃၄)အကြီးစားစက်ရုံ(သာယာဝတီ)၊ အုတ်ထုတ်လုပ်ရေးဌာန(တညင်းကုန်း)၊ မီးခံအုတ်ထုတ်လုပ်ရေးဌာန(တညင်းကုန်း)၊ ကြွေထည်ပစ္စည်းထုတ်လုပ်ရေးဌာန(မော်လမြိုင်)နဲ့ အမှတ်(၃၅)အကြီးစားစက်ရုံတို့ ဖြစ်ကြပါတယ်။လက်ရှိမှာတော့ အမှတ်(၂၀) အကြီးစားစက်ရုံ(အတို)၊ ရော်ဘာပစ္စည်းစက်ရုံခွဲ(သင်္ဃန်းကျွန်း)၊ အမှတ်(၂၄) အကြီးစားစက်ရုံ(၁)၊ ဆိုလာအလုပ်ရုံ၊ LED မီးသီးအလုပ်ရုံ၊ အမှတ်(၃၁) အကြီးစားစက်ရုံ(သရက်)၊ အမှတ်(၃၂) အကြီးစားစက်ရုံ(ကြံခင်း)၊ မီးခံဘိလပ်မြေပြားထုတ်လုပ်ရေးဌာန(မှော်ဘီ)၊ အဆင့်မြင့်မီးခံအုတ်ထုတ်လုပ်ရေးဌာန(ကျောက်ဆည်)၊ အမှတ်(၃၆) အကြီးစားစက်ရုံ(ကျောက်ဆည်) နဲ့ မှန်ထုတ်ရေးဌာန(ပုသိမ်)တို့ကတော့ လည်ပတ်လျက်ရှိပါတယ်။


news-view-count-icon

54