၂၈.၃.၂၀၂၆ ရက်နေ့၊ ၀၆နာရီ ၀၀ အချိန်ခန့်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၁၈/၄)တွင် ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါမီးေလာင်မှုအကြောင်း သတင်းရရှိသဖြင့် ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ဘုန်းကြီး(၁)ပါး၊ ကျား(၃)ဦးနှင့် မ(၁)ဦး စုစုပေါင်း(၅)ဦးအနက် ကျား(၁)ဦးနှင့် မ(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ ဘုန်းကြီး(၁)ပါးနှင့် ကျား(၂)ဦး(သေဆုံး)တို့အား မိုးစွေလူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် နေပြည်တော်ကုတင်(၁,၀၀၀)ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။



