မေလမှာကျင်းပပြုလုပ်မယ့် အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးပွဲမှာ လောင်စာဆီပြဿနာတွေကို ထည့်သွင်းဆွေးနွေးသွားမယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတ ဖာဒီနန်မားကို့စ်က ကြေညာလိုက်ပါတယ်။အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ထိပ်သီးအစည်းအဝေးတွေကို မေ ၈ ရက်နဲ့ ၉ ရက်မှာ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တော်မှာ ကျင်းပမှာဖြစ်ပါတယ်။အရှေ့အလယ်ပိုင်းက စစ်ပွဲတွေကြောင့် ဖြစ်လာတဲ့ ရေနံအကျပ်အတည်းတွေနဲ့ပတ်သက်ပြီး အဲဒီအစည်းအဝေးပွဲမှာ ဆွေးနွေးသွားမယ့် အပြင် ရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ အစားအစာထောက်ပံ့မှုဆိုင်ရာ အခြေအနေတွေကိုလည်း ဆွေးနွေးသွားဖို့ရှိတယ်လို့ သမ္မတ ဖာဒီနန် မားကို့စ်က ကြေညာထားပါတယ်။



