back

အမျိုးသမီးများကို တရုတ်နိုင်ငံသားများနှင့် ပေါင်းသင်းနေထိုင်စေပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများနှင့် အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ဆောင်ရွက်ရန် လိမ်လည်စည်းရုံးခေါ်ဆောင်သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်များ ချမှတ်

Mar 28 • 2:37 AM

breaking-news

Myanmar

Local

breaking-news
cover

အမျိုးသမီးများကို တရုတ်နိုင်ငံသားများနှင့် ပေါင်းသင်းနေထိုင်စေပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများနှင့် အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ဆောင်ရွက်ရန် လိမ်လည်စည်းရုံးခေါ်ဆောင်သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်များ ချမှတ်

အမျိုးသမီးများကို တရုတ်နိုင်ငံသားများနှင့် ပေါင်းသင်းနေထိုင်စေပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများနှင့် အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ဆောင်ရ...

အမျိုးသမီးများကို တရုတ်နိုင်ငံသားများနှင့် ပေါင်းသင်းနေထိုင်စေပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများနှင့် အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ဆောင်ရွက်ရန် လိမ်လည်စည်းရုံးခေါ်ဆောင်သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက် ခရေပင်ရိပ်မွန်အိမ်ရာတွင် မမေမြတ်သူ (ခ) မေသူနှင့် တရုတ်နိုင်ငံသား Mr. SHAOXUAN တို့ လင်မယားသည် မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများနှင့် လက်ထပ်ပေါင်းသင်းစေပြီး ငွေကြေးအကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူလျက်ရှိကြောင်း သတင်းရရှိသဖြင့် အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်) မှ တပ်ဖွဲ့ဝင်များက ပူးပေါင်းအဖွဲ့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ မြန်မာအမျိုးသမီးသုံးဦးကို တရုတ်နိုင်ငံသား သုံးဦးနှင့်အတူ တွေ့ရှိခဲ့ရသည်။ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်နေအမျိုးသမီးတစ်ဦးကို သူငယ်ချင်းဖြစ်သူ အေးအေးထွေးက တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက ငွေကျပ်သိန်း ၁၀၀ ရရှိမည်ဖြစ်ပြီး ရွှေတစ်ဆင်စာပေးမည်ဖြစ်ကြောင်း၊ ကြိုတင်ငွေသိန်း ၂၀ ပေးမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း၊ ကရင်ပြည်နယ် မြဝတီမြို့နေ အမျိုးသမီးတစ်ဦးသည် လူမှုကွန်ရက် TikTok ၌ အလုပ်အကိုင်ရှာဖွေခဲ့ရာ အမည်မမှတ်မိအကောင့်တစ်ခုမှ အထက်ပါအတိုင်းစည်းရုံးခဲ့ပြီး ရန်ကုန်သို့လာရောက်ရန် ခေါ်ဆောင်သဖြင့် သွားရောက်ခဲ့ရာ မသဉ္ဇာဝင်း၊ မနှင်းဝေခိုင်၊ မလဲ့ရည်ဝင်းတို့နှင့် တွေ့ဆုံခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်နေ တရုတ်မ (ခ) မသန်းသန်းစိုးထံ ဖုန်းဖြင့် ဆက်သွယ်၍ အလုပ်လုပ်ကိုင်လိုကြောင်း ပြောဆိုခဲ့ရာ အလားတူစည်းရုံးခံခဲ့ရကြောင်း၊ ထို့နောက် ၎င်းအမျိုးသမီးသုံးဦးကို စည်းရုံးခဲ့သူအသီးသီးမှ မမေမြတ်သူ (ခ) မေသူနှင့် တရုတ်နိုင်ငံသား Mr. SHAOXUANတို့ လင်မယားနေထိုင်သည့် အိမ်ရာသို့ ပို့ဆောင်ပေးခဲ့ရာ အမျိုးသမီးတစ်ဦးစီသည် တရုတ်နိုင်ငံသား Mr. Qin Weifeng ၊ Mr.Chen Li Bing နှင့် Mr. Shang Xu Dong ဆိုသူတို့နှင့် တစ်ဦးစီပေါင်းသင်းနေထိုင်ခဲ့ရကြောင်း၊ မမေမြတ်သူ (ခ) မေသူနှင့် တရုတ်နိုင်ငံသား Mr. SHAO-XUAN တို့ လင်မယားက တရုတ်နိုင်ငံသားများထံမှ တရုတ်ယွမ် ၄၀,၀၀၀ စီရယူခဲ့ပြီး မြန်မာအမျိုးသမီးများကို ငွေကျပ်သိန်း ၄၀ ခန့်နှင့် လာရောက်ပို့ဆောင်ပေးသူများကို ငွေကျပ် ၅ သိန်းမှ ၁၀ သိန်းစီ ခန့်ပေးခဲ့ပြီး ကျန်ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရယူခဲ့ကြောင်း စိစစ်သိရှိရသဖြင့် အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့စု (ရန်ကုန်) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၁၈၀/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး မတ် ၂၄ ရက်တွင် မင်္ဂလာဒုံခရိုင် ခရိုင်တရားရုံးမှ တရားခံ မမေမြတ်သူ (ခ) မေသူနှင့် တရုတ်နိုင်ငံသား Mr. SHAOXUAN တို့ နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ၊ တရုတ်နိုင်ငံသား Mr. Qin Weifeng ၊ Mr.Chen Li Bing ၊ Mr. Shang Xu Dong ၊ မသဉ္ဇာဝင်း၊ မနှင်းဝေခိုင်နှင့် မလဲ့ရည်ဝင်းတို့ ခြောက်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မအေးအေးထွေးနှင့် မသန်းသန်းစိုး (ခ) တရုတ်မတို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄/ ကျင့် ၅၁၂ အရ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ခြင်းဖြစ်သည်။


news-view-count-icon

19