back

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ရွာဟောင်းကန်ကျေးရွာနေ အမျိုးသမီးတစ်ဦးအားလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့

Mar 28 • 2:31 AM

breaking-news

Myanmar

Magway

breaking-news
cover

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ရွာဟောင်းကန်ကျေးရွာနေ အမျိုးသမီးတစ်ဦးအားလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ရွာဟောင်းကန်ကျေးရွာနေ အမျိုးသမီးတစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ကမာပါကျေးရွာနေ မအေးချမ်းမြေ့နှင့် ရှမ်းပြည်...

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ရွာဟောင်းကန်ကျေးရွာနေ အမျိုးသမီးတစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ကမာပါကျေးရွာနေ မအေးချမ်းမြေ့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့ အေးသာယာမြို့ အမှတ် (၃) ရပ်ကွက်နေ မယမင်းထက် (ခ) မထက်တို့ နှစ်ဦးက တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ထမင်းဆိုင်၌ အလုပ် လုပ်လိုပါက တစ်လလျှင် ယွမ် ၃,၅၀၀၊ မြန်မာငွေ ၁၈ သိန်းကျပ်ခန့်ရရှိမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးကာ တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံရှိ အမည်မသိတရုတ်ပွဲစားအမျိုးသမီး၏ နေအိမ်တွင် နေထိုင်စဉ် မယမင်းထက် (ခ) မထက်က Wechat မှတစ်ဆင့် တရုတ်ယောက်ျားယူရမည်၊ ယွမ် ၃၀,၀၀၀ ရမည်၊ တစ်နှစ်ပေါင်းသင်း ရမည်ဟု ပြောကြားခဲ့ကြောင်း၊ ၎င်းမှတရုတ်ယောက်ျားမယူလိုဘဲ နေအိမ်သို့ ပြန်လိုကြောင်း ပြောကြားခဲ့ရာ လမ်းခရီးကုန်ကျစရိတ်များအား ပေးလျော်ရမည်ဟု ပြောကြားခဲ့ကြောင်း၊ ထို့နောက် တရုတ်ပွဲစားအမျိုးသမီး၏ နေအိမ်မှ ထွက်ပြေးကာ ၎င်းနှင့်ရင်းနှီးသူတစ်ဦး၏ နေအိမ်တွင် တစ်လခွဲခန့် ရှောင်တိမ်းနေထိုင်စဉ် တရုတ်ရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၁၁) လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်း (ပ) ၁၁၀/၂၀၂၅၊ လူကုန် ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲ တင်ပို့ခဲ့ပြီး မတ် ၂၄ ရက်တွင် မဟာအောင်မြေခရိုင်တရားရုံးမှ တရားခံ မယမင်းထက် (ခ) မထက်ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ အေးချမ်းမြေ့အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့သည်။

news-view-count-icon

14