back

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ နယ်မြေ(၁၃)တွင် မီးလောင်မှုဖြစ်ပွား

Mar 28 • 1:50 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ နယ်မြေ(၁၃)တွင် မီးလောင်မှုဖြစ်ပွား

၂၈.၃.၂၀၂၆ ရက်နေ့၊ ၀၂ နာရီ၁၈ မိနစ်အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ နယ်မြေ(၁၃)တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါမီး‌ေလာင်...

၂၈.၃.၂၀၂၆ ရက်နေ့၊ ၀၂ နာရီ၁၈ မိနစ်အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ နယ်မြေ(၁၃)တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါမီး‌ေလာင်ကြောင်းသတင်းရရှိသဖြင့် မြင်းခြံခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၃)စီး၊ မြင်းခြံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ မြင်းခြံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊စက်မှုဇုန်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ OK Group မှ ရေသယ်ယဉ်(၁)စီး၊ နတ်ကြီးပင်ပရဟိတအသင်းမှ ရသယ်ယာဉ်(၁)စီး၊ အဖြူရောင်လက်များပရဟိတအသင်းမှ ရေသယ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၂နာရီ ၃၆မိနစ် အချိန် မီးငြိမ်းပါသည်။

news-view-count-icon

48