ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၏ ကမ္ဘာလှည့်ခရီးသွားများအကြား အလွန်ရေပန်းစားသည့် 'Hanoi Train Street' တစ်လျှောက် ရထားပြေးဆွဲမှုများကို ရပ်တန့်ရန် အာဏာပိုင်များက စီစဉ်နေကြောင်း သိရသည်။ ဟနွိုင်းဘူတာနှင့် လုံဘီယန်ဘူတာအကြားရှိ အဆိုပါနေရာသည် လူနေအိမ်များနှင့် ကဖေးဆိုင်များကြား အလွန်ကျဉ်းမြောင်းသော လမ်းကြားလေးအတွင်းမှ ရထားဖြတ်သန်းသွားသည့် ထူးခြားသောမြင်ကွင်းကြောင့် နာမည်ကျော်ကြားခြင်းဖြစ်သည်။ ခရီးသွားလုပ်ငန်းကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ ယင်းနေရာသို့ တစ်နှစ်လျှင် နိုင်ငံခြားခရီးသွားဧည့်သည် သိန်းဂဏန်းအထိ လာရောက်လေ့ရှိသဖြင့် ယခုကဲ့သို့ ရထားပြေးဆွဲမှုရပ်နားလိုက်ခြင်းသည် မြို့၏အထင်ကရ ခရီးသွားဆွဲဆောင်မှုတစ်ခုကို အဆုံးသတ်သွားစေနိုင်ကြောင်း သိရှိရပါသည်။
Mar 28 • 1:49 AM
Vietnam
Local News
Share
| 25 | 0 | 0 | 0 |


