back

ထိုင်းအစိုးရက ဧပြီလ ၁ ရက်ကစတင်ကာ စက်သုံးဆီအတွက် ထောက်ပံ့ကူညီပေးမည်

Mar 28 • 1:23 AM

breaking-news

Thailand

Local News

cover

ထိုင်းအစိုးရက ဧပြီလ ၁ ရက်ကစတင်ကာ စက်သုံးဆီအတွက် ထောက်ပံ့ကူညီပေးမည်

ထိုင်းအစိုးရအနေနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ကြုံတွေ့နေရတဲ့ စက်သုံးဆီဈေးနှုန်း မြင့်တက်မှုဒဏ်ကို လျှော့ချပေးဖို့အတွက် သတ်မှတ်ထားတဲ့ အုပ်စုတွေအလိုက် ဆီဈေးနှုန်း ထ...

ထိုင်းအစိုးရအနေနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ကြုံတွေ့နေရတဲ့ စက်သုံးဆီဈေးနှုန်း မြင့်တက်မှုဒဏ်ကို လျှော့ချပေးဖို့အတွက် သတ်မှတ်ထားတဲ့ အုပ်စုတွေအလိုက် ဆီဈေးနှုန်း ထောက်ပံ့ကူညီပေးမယ့် အစီအစဉ်ကို ဧပြီလ ၁ ရက်နေ့ကစပြီး စတင်တော့မှာ ဖြစ်ပါတယ်။ အဲဒီအစီအစဉ်ကို ပို့ဆောင်ရေးဝန်ကြီးဌာနက အတည်ပြုလိုက်တာဖြစ်ပြီး ကုန်စည်ပို့ဆောင်ခတွေ တက်လာမယ့် အခြေအနေကို ထိန်းညှိပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ဒီထောက်ပံ့မှုကို အုပ်စုနှစ်စုခွဲပြီး ပေးသွားမှာဖြစ်ပြီး ပထမအုပ်စုမှာ အဝါရောင်လိုင်စင်နံပါတ်ပြားတပ်ထားတဲ့ ကုန်တင်ကားတွေ ပါဝင်ပါတယ်။ အဲဒီကားတွေအတွက် ဒီဇယ်တစ်လီတာကို ၆ ဘတ်နှုန်းနဲ့ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ကုန်စည်စီးဆင်းမှုစရိတ်တွေ လျှော့ချပေးနိုင်ဖို့နဲ့ လူသုံးကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်မလာအောင် ကာကွယ်ပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ဒုတိယအုပ်စုဖြစ်တဲ့ အဝေးပြေးဘတ်စ်ကားတွေ၊ မြို့တွင်းလိုင်းကားတွေနဲ့ အငှားယာဉ်မောင်းသူတွေအတွက်လည်း ကားအမျိုးအစားအလိုက် တစ်လီတာကို ၄ ဘတ်နှုန်း ဒါမှမဟုတ် သတ်မှတ်ထားတဲ့ နှုန်းထားတွေအတိုင်း ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် လာမယ့် သင်္ကြန်ကာလမှာ ခရီးသွားပြည်သူတွေအတွက် ကားခတွေ မတက်အောင်နဲ့ သွားလာစရိတ် သက်သာအောင် စီစဉ်ပေးတာ ဖြစ်ပါတယ်။



news-view-count-icon

12