back

ထိုင်းမှာ ယာဉ်မောင်းလိုင်စင် အသစ်လုပ်ရင်၊ သက်တမ်းတိုးရင် ရာဇဝတ်မှုမှတ်တမ်းကို စ-စ်ဆေးမည်

Mar 28 • 12:46 AM

breaking-news

Thailand

Local News

cover

ထိုင်းမှာ ယာဉ်မောင်းလိုင်စင် အသစ်လုပ်ရင်၊ သက်တမ်းတိုးရင် ရာဇဝတ်မှုမှတ်တမ်းကို စ-စ်ဆေးမည်

ထိုင်းနိုင်ငံရဲတပ်ဖွဲ့နဲ့ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန (DLT) တို့ ပူးပေါင်းပြီး အများပြည်သူ ဘေးကင်းလုံခြုံစေဖို့အတွက် ယာဉ်မောင်းလိုင်စင် လျှောက်ထားသူတွေရဲ့ ရာဇ...

ထိုင်းနိုင်ငံရဲတပ်ဖွဲ့နဲ့ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန (DLT) တို့ ပူးပေါင်းပြီး အများပြည်သူ ဘေးကင်းလုံခြုံစေဖို့အတွက် ယာဉ်မောင်းလိုင်စင် လျှောက်ထားသူတွေရဲ့ ရာဇဝတ်မှုမှတ်တမ်းကို စစ်ဆေးမယ့် စနစ်သစ်တစ်ခုကို ၂၀၂၆ ခုနှစ် ဇူလိုင်လလောက်မှာ စတင်အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့မှာ ရဲတပ်ဖွဲ့နဲ့ DLT တာဝန်ရှိသူတွေ တွေ့ဆုံပြီး အီလက်ထရောနစ် ရာဇဝတ်မှုမှတ်တမ်း အချက်အလက်တွေ မျှဝေအသုံးပြုဖို့အတွက် မူဘောင်ကို အတည်ပြုခဲ့ကြပါတယ်။ အဲဒီစနစ်ကို အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်နဲ့ ကုန်စည်ပို့ဆောင်ရေးယာဉ် လိုင်စင်လျှောက်ထားသူတွေ ဒါမှမဟုတ် သက်တမ်းတိုးမယ့်သူတွေကို စစ်ဆေးရာမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ဌာနနှစ်ခုကြား နားလည်မှုစာချွန်လွှာ (MOU) ကို လာမယ့် သင်္ကြန်ကာလမတိုင်ခင် လက်မှတ်ရေးထိုးဖို့ စီစဉ်ထားပြီး အဲဒီလို လက်မှတ်ထိုးပြီး ရက်ပေါင်း ၉၀ အတွင်းမှာ လုပ်ငန်းစဉ်တွေကို စတင်နိုင်ဖို့ ရည်မှန်းထားပါတယ်။ အဲဒီအတွက် နည်းပညာပိုင်းနဲ့ ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေကိုလည်း နှစ်ဖက်သဘောတူညီခဲ့ကြပါတယ်။ဒီလို နည်းပညာသုံးပြီး ပူးပေါင်းဆောင်ရွက်တာကြောင့် ပြည်သူတွေအနေနဲ့ ရာဇဝတ်မှုကင်းရှင်းကြောင်း အထောက်အထားသွားယူရတဲ့ အလုပ်ရှုပ်မှုတွေ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရုံးပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ မြန်ဆန်လာမှာဖြစ်သလို ပြည်သူတွေအတွက် အချိန်နဲ့ ကုန်ကျစရိတ်တွေကိုလည်း သက်သာစေမှာ ဖြစ်ပါတယ်။

news-view-count-icon

14