ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်၊ နယ်စပ်မှာ ရခိုင်သို့ ပို့မဲ့ အက်ဆစ် လီတာ ၃,၀၀၀ ကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။။
ဒီဓာတုပစ္စည်းတွေကို သောကြာနေ့ မတ်လ ၂၇ ရက် ညနေ ၄ နာရီခန့်မှာ အိုကီးယာမြို့နယ် ဖလမ်းခါလီ (Palangkhali) တိုက်နယ် South Station ဧရိယာရှိ ဇာကာရီယာစျေးရဲ့ မြေညီထပ်ရှိ ငှားရမ်းထားတဲ့ ဆိုင်တစ်ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှုတစ်ခုအတွင်း သိမ်းဆည်းရမိခဲ့တာလို့ဆိုပါတယ်။ဒီအက်ဆစ်တွေကို မူးယစ်ဆေးဝါးနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းအမျိုးမျိုးပြုလုပ်ရာမှာ အသုံးပြုနိုင်တယ်လို့ ယုံကြည်ရကြောင်း သိရပါတယ်။



