ဒီကနေ့ မတ်လ ၂၇ ရက် တိုင်းတာချက်တွေအရ တာချီလိတ်မြို့ဝန်းကျင်ရဲ့ လေထု အရည်အသွေးဟာ အနီရောင်အဆင့်မှာရှိပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အဆင့်ဖြစ်တယ်လို့ သိရပါတယ်။တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက တာချီလိတ်မြို့၊ အမှတ် (၃၉-၄ဝ)၊ စိုက်ခင်း လမ်း၊ မယ်ခေါင်ရပ်ကွက်ရှိ တာချီလိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှာ လေထုအရည် အသွေးတိုင်းတာစက်နဲ့ တိုင်းတာခဲ့တာဖြစ်ပါတယ်။လေထုအရည်အသွေးညွှန်းကိန်း (AQI) ရဲ့ အချက်အလက်တွေအရ သုညက ၅၀ အတွင်းရှိရင် လေထု အရည်အသွေးက ကောင်းမွန်ပြီး၊ ၅၀ ကနေ ၁၀၀ အကြားရှိရင် အလယ်အလတ်အဆင့်ရှိကာ ၁၀၁ ကနေ ၁၅၀ အကြား ရှိရင်တော့ လေထုအရည်အသွေးက ကောင်းမွန်မှုမရှိဘူးလို့ သိရပါတယ်။
ဒါ့အပြင် ၁၅၁ ကနေ ၂၀၀ အဆင့်နဲ့ ၂၀၁ ကနေ ၃၀၀ အဆင့်ရှိရင် ကျန်းမာရေးကို ထိခိုက်နိုင်သလို ၃၀၁ အထက်ရှိနေရင်တော့ ကျန်းမာရေးကို အန္တရာယ်ပေးတဲ့ အဆင့်ဖြစ်တယ်လို့ (AQI) ရဲ့ အချက်အလက် တွေအရ သိရပါတယ်။



