back

တောင်ကြီးမြို့ နာရီစင်ညဈေးသည်များနေရာရွှေ့ပြောင်းရေး သဘောတူညီချက် ၃ ရက်အတွင်း လက်မှတ်ထိုးရန် ဖိအားပေးခံရ

Mar 27 • 1:12 PM

breaking-news

Myanmar

Shan

cover

တောင်ကြီးမြို့ နာရီစင်ညဈေးသည်များနေရာရွှေ့ပြောင်းရေး သဘောတူညီချက် ၃ ရက်အတွင်း လက်မှတ်ထိုးရန် ဖိအားပေးခံရ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ကျင်းပသည့် အစည်းဝေးတစ်ရပ်အတွင်း နာရီစင်အနီး ညဈေး ဆိုင် ၉၀ နှင့် နေ့ဈေးသည် ၂၀၀ ကျော်ကို လက်ရှိရောင်းချန...

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ကျင်းပသည့် အစည်းဝေးတစ်ရပ်အတွင်း နာရီစင်အနီး ညဈေး ဆိုင် ၉၀ နှင့် နေ့ဈေးသည် ၂၀၀ ကျော်ကို လက်ရှိရောင်းချနေရာမှ ရွှေ့ပြောင်းရန် ဖိအားပေးခံရကြောင်း ဈေးသည်များထံမှ သိရသည်။ဈေးသည်များဘက်မှ ကန့်ကွက်မှုများ ရှိနေသော် လည်း Ocean ကုမ္ပဏီနှင့် စည်ပင်သာယာရေး အာဏာပိုင်များက နေရာရွှေ့ပြောင်းရေး သဘောတူညီချက်စာရွက်ကို ၃ ရက်အတွင်း လက်မှတ်ထိုးရန် ညွှန်ကြားခဲ့ပြီး မလိုက်နာပါက ဆိုင်ခန်းမရနိုင်ကြောင်း သတိပေးထားသည်။မတ်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် အဆိုပါအစည်းဝေးသို့ တက်ရောက်ခဲ့သည့် ဈေးသည်များကို စိစစ်ခဲ့ပြီး ဖုန်းများကိုပါ စစ်ဆေးခဲ့ကြောင်း၊ သတင်းထောက်များကိုလည်း ဝင်ခွင့်မပြုခဲ့ကြောင်း တက်ရောက်သူများက ပြောသည်။လက်ရှိညဈေးနေရာကို Ocean ကုမ္ပဏီဘက်မှ ၈ ထပ်အဆောက်အဦး တည်ဆောက်မည်ဖြစ်ပြီး အချို့ထပ်များကို ကုမ္ပဏီနှင့် စည်ပင်ပိုင်ဆိုင်မည်ဟုဆိုကာ အဆောက်အဦးအတွင်းရှိ နေရာများကို ကားပါကင် သို့မဟုတ် တိုက်ခန်းအဖြစ် ရောင်းချသွားမည်ဖြစ်ကြောင်းလည်း သိရသည်။





news-view-count-icon

7