back

စုံ/မ ယာဥ်နံပါတ်မောင်းနှင်ခြင်းစနစ် စစ်ဆေးမှု တောင်ကြီးမြို့ တွင်စတင်အရေးယူ

Mar 27 • 1:10 PM

breaking-news

Myanmar

Shan

cover

စုံ/မ ယာဥ်နံပါတ်မောင်းနှင်ခြင်းစနစ် စစ်ဆေးမှု တောင်ကြီးမြို့ တွင်စတင်အရေးယူ

ဆီချွေတာရေး စနစ်ကျင့်သုံးသည့် ထုတ်ပြန်ချက်တွင် ယာဥ်နံပါတ် မ ဂဏန်းဖြစ်ပါက မ ရက်မှာသာ အပြင်ထွက် ဆီဖြည့်ခွင့်ရမည် ဖြစ် ကြောင်းကို ထုတ်ပြန်ပြီး တောင်ကြီးမြို့၌ ယနေ့...

ဆီချွေတာရေး စနစ်ကျင့်သုံးသည့် ထုတ်ပြန်ချက်တွင် ယာဥ်နံပါတ် မ ဂဏန်းဖြစ်ပါက မ ရက်မှာသာ အပြင်ထွက် ဆီဖြည့်ခွင့်ရမည် ဖြစ် ကြောင်းကို ထုတ်ပြန်ပြီး တောင်ကြီးမြို့၌ ယနေ့စတင် အရေးယူနေပြီ ဖြစ်ကြောင်း သိရသည်။ယနေ့ မတ်လ(၂၇)ရက်သည် မ ရက် ဖြစ်သောကြောင့် စုံဂဏန်းကားမောင်းနှင်သူများကို တောင်ကြီး နီလာရိုးမဆီဆိုင်ရှေ့တွင် မနက်(၁၀)နာရီဝန်းကျင်ကစပြီး စစ်ဆေးအရေးယူမှု လုပ်နေကြောင်း သိရသည်။စုံ/မခွဲခြားမောင်းနှင်သည့် စနစ်ကို ပယ်ဖျက်ခြင်းမရှိဘဲ ယာဥ်အင်ဂျင်ပါဝါအလိုက် တစ်ပတ်တွင် အများဆုံး(၃)ကြိမ်သာ ဆီဖြည့်ခွင့်ရမည့် စနစ်ကို ယနေ့စတင်ကျင့်သုံးကြောင်း ထပ်မံထုတ်ပြန်ထားသည်။ပြည်တွင်း စက်သုံးဆီ ထပ်မံစျေးမြှင့်တက်လာပြီး တောင်ကြီးမြို့တွင် ဆီဝယ်ယူရန် ပိုမိုခက်ခဲလာကြောင်း သိရသည်။





news-view-count-icon

12