back

လုယက်ပြန်ပေးဆွဲမှုတွေ မကြာခဏဖြစ်နေတာကြောင့် ငွေကြေးတတ်နိုင်သူတွေ ပခုက္ကူမြို့ပေါ်ကနေ ပြောင်းရွေ့နေ

Mar 27 • 1:07 PM

breaking-news

Myanmar

Magway

cover

လုယက်ပြန်ပေးဆွဲမှုတွေ မကြာခဏဖြစ်နေတာကြောင့် ငွေကြေးတတ်နိုင်သူတွေ ပခုက္ကူမြို့ပေါ်ကနေ ပြောင်းရွေ့နေ

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ လုယက်မှုတွေ မကြာခဏဖြစ်ပေါ်နေပြီး ငွေကြေးပြည့်စုံတဲ့ တချို့လုပ်ငန်းရှင်တွေဟာ တခြားမြို့တွေကို ရွေ့ပြောင်းနေထိုင်နေကြတယ်လို့ သိရပါတယ်...

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ လုယက်မှုတွေ မကြာခဏဖြစ်ပေါ်နေပြီး ငွေကြေးပြည့်စုံတဲ့ တချို့လုပ်ငန်းရှင်တွေဟာ တခြားမြို့တွေကို ရွေ့ပြောင်းနေထိုင်နေကြတယ်လို့ သိရပါတယ်။မတ်လ ၂၆ ရက် မနေ့က နေ့လယ်ပိုင်းမှာ ပခုက္ကူမြို့ မြို့မလမ်းပေါ် မျက်မမြင်ကျောင်းအနီးက “တောင်ဇလပ်” စက်သုံးဆီအရောင်းဆိုင်ကို လက်နက်ကိုင်ဆောင်ထားတဲ့ လူ ၄ ဦးက ဓားပြတိုက် လုယက်ခဲ့ပြီး လူကိုပါ ဓားနဲ့ထိုးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ နေ့လယ် ၂ နာရီခန့်ကလည်း ပခုက္ကူမြို့၊ အမှတ်(၄) ရပ်ကွက်၊ နေသူရိန်လမ်းပေါ် မြို့မရဲစခန်းနဲ့ ကပ်လျက် “မြမြင့်မိုရ်” ဆေးခန်းကို ဆိုင်ကယ် ၂ စီးနဲ့ အမျိုးသား ၄ ဦး ရောက်ရှိလာပြီး ပခုက္ကူ အထွေထွေရောဂါကုဆေးရုံကြီးရဲ့ လက်ထောက်ဆရာဝန် ဒေါက်တာ ဟိန်းနေထွန်းကို လက်ထိပ်ခတ်ကာ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။





news-view-count-icon

8