(UWSA)ထိန်းချုပ်ဒေသ "ဝ"ပြည်နယ်တွင် ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၂၆)ဦးကို တရုတ်ထံပြန်လည်လွဲပြောင်းကြောင်း သိရသည်။"ဝ"ပြည်အတွင်း နေထိုင်ခွင့် လုပ်ကိုင်ကာ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၂၆)ဦးကို သက်သေပစ္စည်းနှင့်အတူ မတ်လ (၂၆)ရက်က "ဝ"ပြည် မန်ခါးနယ်စပ်ဂိတ်မှတဆင့် တရုတ်အစိုးရထံ UWSAလွဲပြောင်းကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ထို့အပြင် အလုပ်အကိုင်ပေးမည်ဟုဆိုကာ အတင်း အဓမ္မ အလုပ်စေခိုင်းခံရသည့် တရုတ်လူမျိုး အမျိုး သား(၆)ဦးကိုလည်း ကယ်တင်ကာ တရုတ်ထံပြန်လည်လွဲပြောင်းပေးခဲ့ကြောင်း သိရသည်။



