ဒီဇယ်အသုံးပြု YBS ကားများကို ယနေ့(မတ် ၂၇ ရက်)မှစတင်ကာ တစ်ရက်လျှင်လီတာ ၄၀ ဖြည့်ပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ထံမှ သိရသည်။ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ နေ့စဉ် ၄၀ လီတာကို ညပိုင်းတွင်ဆီဖြည့်ပေးပြီး ခေါက်ရေပြည့်မှီအောင်ပြေးဆွဲနိုင်ရန် စီစဉ်ထားကြောင်း၊ ထိုသို့စီစဉ်ခြင်းကြောင့် ထွက်ရှိမည့်ယာဉ်အစီးရေတိုးလာမည်ဖြစ်ကြောင်းသိရသည်။လက်ရှိတွင် YBS ယာဉ်လိုင်း ၄၀ ခန့်ထဲမှ ဒီဇယ်အသုံးပြု YBS ကားအစီးရေ ၄၂၃ စီးပြေးဆွဲလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ထံမှသိရသည်။အဆိုပါ YRTC ၏ကြီးကြပ်မှုအောက်တွင် ယာဉ်လိုင်းကုမ္ပဏီ ၂၁ ခုရှိပြီး ယာဉ်လိုင်း ၁၄၅ လိုင်းရှိကြောင်း၊ ယာဉ်အစီးရေ ၅၄၃၈ စီးရှိပြီး CNG အသုံးပြုယာဉ် ၅၀၁၃ စီးရှိကြောင်းသိရသည်။



