back

မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်

Mar 27 • 1:39 PM

breaking-news

Thailand

Local News

cover

မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်

ထိုင်းနိုင်ငံတွင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် သင်္ကြန်ကာလမှာ အလုပ်ရှင်နဲ့အလုပ်သမားကြားရုံးပိတ်အသိပေးချက် ၃ ချက်ကိုထိုင်း...

ထိုင်းနိုင်ငံတွင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် သင်္ကြန်ကာလမှာ အလုပ်ရှင်နဲ့အလုပ်သမားကြားရုံးပိတ်အသိပေးချက် ၃ ချက်ကိုထိုင်းနိုင်ငံအလုပ်သမားကာကွယ်စောင့်ရှောက်ရေဌာမှ ထုတ်ပြန်အသိပေးလိုက်ပါတယ်။ အဆိုပါထိုင်းနိုင်ငံအလုပ်သမားကာကွယ်စောင့်ရှောက်ရေဌာကနေလာမယ့် သင်္ကြန်ပွဲတော်ကာလအတွင်း အလုပ်ရှင်များနဲ့ အလုပ်သမားများအတွက် ပူးပေါင်းဆောင်ရွက်ပေးရန် အလုပ်ပိတ်ရက် သတ်မှတ်ခြင်း၊ကုန်းလမ်းပို့ဆောင်ရေး လုပ်ငန်းများအတွက် စည်းကမ်းချက်နဲ့ဘေးကင်းလုံခြုံရေး သတိပေးချက် တွေပါဝင်တဲ့အချက်၃ချက်ကိုထုတ်ပြန်ဖော်ပြလာတာလည်းဖြစ်ပါတယ်။ ဒါကြောင့်ထိုင်းနိုင်ငံတွင်းက အလုပ်ရှင် အလုပ်သမားတွေအနေနဲ့  ပူးပေါင်းဆောင်ရွက်ရန်မှာအလုပ်ပိတ်ရက် သတ်မှတ်ခြင်းက ​ဧပြီလ (၁၃) ရက်မှ (၁၅) ရက်နေ့အထိ ကို ရုံးပိတ်ရက် (သို့မဟုတ်) ရိုးရာအားလပ်ရက်အဖြစ် သတ်မှတ်ပေးရန်။​ အကယ်၍ အဆိုပါနေ့ရက်များက အလုပ်သမားရဲ့ ပုံမှန်အပတ်စဉ် နားရက်နဲ့ တိုက်ဆိုင်နေပါက အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေအရ နောက်တစ်ရက်ကို အစားထိုးနားရက်အဖြစ် သတ်မှတ်ပေးရပါမယ်။ 


​၂အချက်အ‌ေနနဲ့ကုန်းလမ်းပို့ဆောင်ရေး လုပ်ငန်းများအတွက် စည်းကမ်းချက် ကိုတော့

​ယာဉ်မောင်းနှင်ရတဲ့အလုပ်သမားများအတွက် -

​တစ်နေ့လျှင် မောင်းနှင်ချိန် ၈ နာရီ ထက်မပိုစေရ။ 


​အကယ်၍ အချိန်ပို (OT) ဆင်းရပါက ၂ နာရီ ထက်မပိုစေရဘဲ အလုပ်သမားရဲ့ သဘောတူညီချက် (စာဖြင့်) ရယူထားရပါမယ်။ 


​အလုပ်ပြီးဆုံးချိန်မှ နောက်တစ်ကြိမ် အလုပ်ပြန်မစမီ အနည်းဆုံး ၁၀ နာရီ ကြာ နားနေချိန် ပေးရပါမယ်။ 


နံပါတ်​၃အချက်အရ ဘေးကင်းလုံခြုံရေး သတိပေးချက်အနေဖြင့်​ခရီးသွားလာရာတွင် အရက်သေစာ သောက်စားခြင်းမပြုရန်နဲ့ ယာဉ်မတော်တဆမှုများ မဖြစ်ပေါ်စေရန် ဂရုတစိုက် မောင်းနှင်ကြပါရန် တိုက်တွန်းထားကြောင်း သိရပါတယ်။ အတာသင်္ကြန်ကာလမှာ အလုပ်ရှင်နဲ့အလုပ်သမားကြားရုံးပိတ်ရက်အသိပေးချက်တွေကိုထိုင်းနိုင်ငံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန နဲ့ ရွှေ့ပြောင်းလုပ်သားအခွင့်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် အပါအဝင်မိတ်ဖက်တွေကမတ်လ၂၃ရက် က စုပေါင်းထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။ 





news-view-count-icon

9