back

ချင်းမိုင်မှာ လေထုညစ်ညမ်းနေတာကြောင့် နှာခေါင်းစည်းတပ်ရန် ဖုန်းများကိုစာပို့

Mar 27 • 5:19 AM

breaking-news

Thailand

Local News

cover

ချင်းမိုင်မှာ လေထုညစ်ညမ်းနေတာကြောင့် နှာခေါင်းစည်းတပ်ရန် ဖုန်းများကိုစာပို့

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့တွင် ယနေ့ (မတ်လ ၂၇ ရက်) နံနက်ပိုင်း တိုင်းထွာချက်အရ PM 2.5 ဖုန်မှုန့်ပမာဏမှာ 87.3 µg/m³ အထိ ရှိနေပြီး ကျန်းမာရေးကို ထိ...

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့တွင် ယနေ့ (မတ်လ ၂၇ ရက်) နံနက်ပိုင်း တိုင်းထွာချက်အရ PM 2.5 ဖုန်မှုန့်ပမာဏမှာ 87.3 µg/m³ အထိ ရှိနေပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အဆင့်သို့ ရောက်ရှိနေကြောင်း ဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လျော့ပါးရေးဌာန (DDPM) က ထုတ်ပြန်ထားသည်။ အဆိုပါ လေထုညစ်ညမ်းမှုအခြေအနေမှာ လာမည့် ၁ ရက်မှ ၂ ရက်အတွင်း ဆက်ရှိနေဦးမည်ဖြစ်ရာ ဒေသခံများအနေဖြင့် အပြင်ထွက်ပါက PM 2.5 ကာကွယ်နိုင်သော နှာခေါင်းစည်း (Mask) များကို မဖြစ်မနေတပ်ဆင်ကြရန်နှင့် အပြင်ဘက်တွင် ကိုယ်လက်လှုပ်ရှားခြင်းများကို ရှောင်ကြဉ်ကြရန် ဖုန်းများသို့ မက်ဆေ့ခ်ျပို့၍ သတိပေးထားသည်။ အထူးသဖြင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အသက်ရှူလမ်းကြောင်းရောဂါအခံရှိသူများ အထူးဂရုစိုက်ကြရန်နှင့် ဝေဒနာတစ်စုံတစ်ရာခံစားရပါက ဆေးရုံသို့ အမြန်ပြသရန် တိုက်တွန်းထားကြောင်း သိရှိရပါသည်။

news-view-count-icon

19