back

ကချင်ပြည်နယ်၊ အင်းတော်ကြီး ရွှေမဉ္ဇူ ရေလယ်စေတီတော်မြတ်ကြီးတွင် ထီးတော်သစ် တင်လှူပူဇော်ပွဲကို မတ်လ (၂၇) ရက်နေ့၌ ကျင်းပမည်

Mar 27 • 5:21 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်၊ အင်းတော်ကြီး ရွှေမဉ္ဇူ ရေလယ်စေတီတော်မြတ်ကြီးတွင် ထီးတော်သစ် တင်လှူပူဇော်ပွဲကို မတ်လ (၂၇) ရက်နေ့၌ ကျင်းပမည်

ကချင်ပြည်နယ်၏ အထင်ကရ သာသနာ့အဆောက်အအုံတစ်ခုဖြစ်သော အင်းတော်ကြီး ရွှေမဉ္ဇူ ရေလယ်စေတီတော်မြတ်ကြီး၏ ထီးတော်သစ် တင်လှူပူဇော်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ (၂၇) ရ...

ကချင်ပြည်နယ်၏ အထင်ကရ သာသနာ့အဆောက်အအုံတစ်ခုဖြစ်သော အင်းတော်ကြီး ရွှေမဉ္ဇူ ရေလယ်စေတီတော်မြတ်ကြီး၏ ထီးတော်သစ် တင်လှူပူဇော်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ (၂၇) ရက် (တန်ခူးလဆန်း ၁၀ ရက်) သောကြာနေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ယခင်က ပိန်းနဲတိုင် စိုက်ထူရာတွင် အခက်အခဲအချို့ကြောင့် ကြန့်ကြာမှုများ ရှိခဲ့သော်လည်း ယခုအခါ အဘက်ဘက်မှ အဆင်ပြေချောမွေ့စွာ ပြီးစီးသွားပြီ ဖြစ်သည်။အဆိုပါ ထီးတော်တင်လှူပူဇော်ပွဲတွင် ဒေသခံနာယကဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်မည်ဖြစ်ပြီး၊ ထီးတော်တင်လှူပြီးသည်နှင့် တစ်ပြိုင်နက် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း၊ ဆွမ်းတော်ကြီးကပ်လှူခြင်းနှင့် ရေစက်သွန်းချ အမျှပေးဝေခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်သည်။ အဝေးရောက် ဒါယကာ၊ ဒါယိကာမများအနေဖြင့်လည်း မနက်ဖြန်တွင် ကျင်းပမည့် ဤကုသိုလ်တော်ပွဲကြီးအတွက် ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် နှိုးဆော်ထားပါသည်။

news-view-count-icon

10