ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီး (၃) ပါးဖြစ်ကြသည့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တနာဂိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသုန္ဒရ နှင့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တကဉ္စန တို့အား ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက် မွန်းလွဲပိုင်းတွင် ရွှေတိဂုံစေတီတော်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ထပ်ဆင့်ချီးကျူးဂုဏ်ပြုပူဇော်ပွဲ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ဂေါပကအဖွဲ့ဝင်များက ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။
Mar 27 • 5:18 AM
Myanmar
Yangon
Share
| 9 | 0 | 0 | 0 |


