ထိုင်းနိုင်ငံတွင် e-WorkPermit စနစ်ဖြင့် အလုပ်ကိုင်ခွင့်လက်မှတ်လျှောက်ထားသည့် မြန်မာ၊ လာအိုနှင့် ဗီယက်နမ်အလုပ်သမား ၃.၆ သန်းကျော်ရှိနေပြီး လက်ရှိတွင် လက်မှတ် ၅ သိန်းကျော် ထုတ်ပေးပြီးဖြစ်ကြောင်း အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာန (DOE) က ထုတ်ပြန်ထားသည်။ အလုပ်ကိုင်ခွင့်လက်မှတ် သက်တမ်းကုန်ဆုံးမည့်သူများနှင့် အသစ်လျှောက်ထားသူများအနေဖြင့် တရားဝင်အလုပ်လုပ်ကိုင်ခွင့် အခွင့်အရေးမဆုံးရှုံးစေရန် eworkpermit.doe.go.th ဝက်ဘ်ဆိုက်မှတစ်ဆင့် လျှောက်လွှာတင်ခြင်းနှင့် အခကြေးငွေပေးဆောင်ခြင်းလုပ်ငန်းစဉ်အားလုံးကို လာမည့် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ အပြီးသတ်ဆောင်ရွက်ကြရန် နှိုးဆော်ထားပါသည်။
ထိုင်းရှိ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သား ၃.၆ သန်းကျော် e-WorkPermit လျှောက်ထား၊ မတ်လ ၃၁ ရက် နောက်ဆုံးထားဆောင်ရွက်ရန် အသိပေး
Mar 27 • 5:15 AM
Thailand
Local News
Share
| 4 | 0 | 0 | 0 |


