အီတလီလက်ရွေးစင်အသင်းနည်းပြ ဂျန်းနာရို ဂတ်တူဆိုက ၂၀၂၆ ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲ Play-off ဆီမီးဖိုင်နယ်တွင် ရင်ဆိုင်ရမည့် မြောက်အိုင်ယာလန်အသင်းကို အထင်မသေးကြရန် သတိပေးပြောကြားလိုက်သည်။ အီတလီအသင်းသည် အုပ်စုအဆင့်တွင် နော်ဝေအသင်းကို မကျော်ဖြတ်နိုင်ခဲ့သဖြင့် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခြင်းမရှိဘဲ Play-off အဆင့်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ကမ္ဘာ့ဖလား (၄) ကြိမ်ချန်ပီယံ အီတလီအသင်းသည် ၂၀၁၈ နှင့် ၂၀၂၂ ပြိုင်ပွဲများတွင် (၂) ကြိမ်ဆက်တိုက် ခြေစစ်ပွဲမအောင်မြင်ဘဲ လွဲချော်ခဲ့ဖူးရာ၊ ယခုအကြိမ်တွင် (၃) ကြိမ်ဆက် မလွဲချော်စေရန် မြောက်အိုင်ယာလန်ကို အရင်ဆုံး ကျော်ဖြတ်ရမည်ဖြစ်သည်။ အကယ်၍ မြောက်အိုင်ယာလန်ကို အနိုင်ရရှိခဲ့ပါက ကမ္ဘာ့ဖလားဝင်ခွင့်အတွက် ဘော့စနီးယား သို့မဟုတ် ဝေးလ်စ်အသင်းနှင့် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။ ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံဟောင်း ဂတ်တူဆိုသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် အီတလီအသင်းနည်းပြအဖြစ် စတင်တာဝန်ယူခဲ့သူ ဖြစ်ပါသည်။
Mar 27 • 5:13 AM
Myanmar
International
Share
| 5 | 0 | 0 | 0 |


