၂၀၂၆ ခုနှစ် မန္တလေးသင်္ကြန်ပွဲတော်တွင် စက်သုံးဆီသုံးစွဲမှု လျှော့ချနိုင်ရန်အတွက် ယခင်နှစ်များကဲ့သို့ အလှပြယာဉ်များဖြင့် လှည့်လည်မှုကို ဖျက်သိမ်းပြီး ပုံစံသစ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောကြားခဲ့သည်။ ပြည်သူများအနေဖြင့် ကား၊ ဆိုင်ကယ် အသုံးပြုမှုကို လျှော့ချကာ ကျုံးဘေးပတ်လည်တွင် လမ်းလျှောက်သင်္ကြန် အဖြစ် ဆင်နွှဲနိုင်ရန် စီစဉ်ထားပြီး၊ ရေကစားရာတွင်လည်း စက်သုံးဆီသုံး မော်တာများအစား ဆိုလာနှင့် လျှပ်စစ်မော်တာ များကိုသာ အသုံးပြုသွားမည်ဖြစ်သည်။ယာဉ်ကြောပိတ်ဆို့မှုနှင့် ဘေးကင်းလုံခြုံရေးအတွက် ၂၆ လမ်း၊ ၆၆ လမ်း၊ လမ်း ၈၀ နှင့် ၁၂ လမ်းရှိ ကျုံးနှင့် ကပ်လျက်လမ်းများကို ကားဝင်ထွက်ခွင့် ပိတ်ထားမည်ဖြစ်သဖြင့် ရှောင်ကွင်းလမ်းများကို အသုံးပြုရမည်ဖြစ်သည်။ ကျုံးဘေးတစ်လျှောက်တွင် ဖျော်ဖြေရေးမဏ္ဍပ် ၁၅ ခု ထားရှိပေးမည်ဖြစ်ပြီး အဆိုတော်များ၏ ဖျော်ဖြေမှု၊ စတုဒိသာကျွေးမွေးမှုတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ပြင်ဆင်နေကြောင်း သိရှိရပါသည်။
| 12 | 0 | 0 | 0 |


