ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကြက်ခြေနီလူနာတင်ယာဥ် အကူအညီလိုအပ်သူများကို နေ့စဥ် ပို့ဆောင်ကူညီ ပေးလျက်ရှိရာ မတ်လ(၂၃)ရက်နေ့တွင် ဆေးရုံ၊ ဆေးခန်း သွားရောက်မည့် လူနာ(၄)ဦးအား ပို့ဆောင်ကူညီခဲ့ပါတယ်။



