စွမ်းအင်ဝန်ကြီးဌာနသည် မော်တော်ယာဉ်များ၏ အင်ဂျင်ပါဝါအလိုက် တစ်ပတ်အတွင်း ဝယ်ယူခွင့်ပမာဏ (Quota) သတ်မှတ်ချက်ကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်မှစတင်၍ Bar Code/QR Code စနစ်ဖြင့် ရောင်းချပေးမည်ဖြစ်သည်။ အဆိုပါစနစ်အရ အရောင်းဆိုင်များတွင် Online Monitoring ဖြင့် ကြပ်မတ်သွားမည်ဖြစ်ပြီး၊ လူနာတင်ယာဉ်နှင့် စည်ပင်သာယာရေးယာဉ်ကဲ့သို့ အရေးပေါ်ယာဉ်များကိုမူ ကန့်သတ်ချက်မရှိဘဲ လိုအပ်သလို ရောင်းချပေးသွားမည်ဖြစ်သည်။ ကုန်တင်ယာဉ်ကြီးများအနေဖြင့် မြို့ပြင်ဆိုင်များတွင်သာ ဖြည့်တင်းရမည်ဖြစ်ကာ၊ လယ်ယာသုံးစက်ကိရိယာနှင့် မီးစက်များအတွက် သတ်မှတ်ပုံစံဖြင့် စာရင်းသွင်းဝယ်ယူရမည်ဖြစ်ကြောင်းနှင့် အရောင်းဆိုင်များအနေဖြင့်လည်း QR စနစ်ဖြင့် ရောင်းချထားသည့် ပမာဏအတိုင်းသာ ဆီပြန်လည်ဖြည့်တင်းခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။
အင်ဂျင်ပါဝါအလိုက် စက်သုံးဆီ Quota စနစ်ဖြင့် ရောင်းချမှုကို မတ်လ ၂၇ ရက်တွင် မြို့ကြီး ၄ မြို့၌ စတင်မည်
Mar 27 • 5:10 AM
Myanmar
Local
Share
| 36 | 0 | 0 | 0 |


