မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia က မတ်လ ၂၆ ရက်တွင် ပြုလုပ်သည့် ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံ Two Sessions အစည်းအဝေး ရှင်းလင်းပွဲနှင့် မီဒီယာတွေ့ဆုံပွဲတွင် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကို ရေရှည်တည်တံ့ခိုင်မြဲအောင် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။ သံအမတ်ကြီးသည် တရုတ်နိုင်ငံ၏ (၁၄) ကြိမ်မြောက် ငါးနှစ်စီမံကိန်း အောင်မြင်မှုများ၊ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးနှင့် (၁၅) ကြိမ်မြောက် ငါးနှစ်စီမံကိန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ချိတ်ဆက်ကာ ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး (၄) ရပ်နှင့် Belt and Road စီမံကိန်းတို့ကို အရည်အသွေးမြင့်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကို ရေရှည်ခိုင်မြဲအောင် တွန်းအားပေးမည်ဟု တရုတ်သံအမတ်ကြီးပြောကြား
Mar 27 • 5:08 AM
China
Local News
Share
| 0 | 0 | 0 | 0 |


