ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၅) နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ (မတ်လ ၂၆ ရက်) ညနေ ၇ နာရီတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ခမ်းနားစွာ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်မြို့တော်ဝန်နှင့် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်ဝါ ဟိုစိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများကို ဂုဏ်ပြုသီဆိုခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကိတ်မုန့်ကို အတူတကွ လှီးဖြတ်၍ ဂုဏ်ပြုခဲ့ကြကြောင်း သိရှိရပါသည်။
ရန်ကုန်မြို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၅) နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့ အခမ်းအနားကျင်းပ
Mar 27 • 5:07 AM
Myanmar
International
Share
| 6 | 0 | 0 | 0 |


