လာအိုနိုင်ငံ၊ ရွှေတြိဂံဒေသတွင် ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က Toyota Alphard (၂၀၁၈ မော်ဒယ်) ယာဉ်တစ်စီးအား ကားဝယ်မည်ဟု အယုံသွင်းကာ စမ်းမောင်းရာမှ မောင်းပြေးသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မဲခေါင်သတင်းအရ သိရသည်။ အဆိုပါဖြစ်စဉ်တွင် လူ ၃ ဦး လာရောက်ကြည့်ရှုခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်မောင်းပြေးသွားချိန်တွင် ကျန်ရစ်သူ ၂ ဦးကို ဖမ်းဆီးရမိခဲ့သော်လည်း ၎င်းတို့မှာ တရားခံနှင့် မကြာသေးမီကမှ သိကျွမ်းသူများဖြစ်ကြောင်း သိရသည်။ယာဉ်မောင်းပြေးသူမှာ မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှ ဝေယံဦး (ခ) အောင်ကျော်သူ (ခ) သာ့ဖန်း အမည်ရှိသူဖြစ်ပြီး၊ ၎င်းသည် အမည်အမျိုးမျိုးအသုံးပြုကာ ကားဝယ်ရောင်းလောကတွင် လိမ်လည်မှုများ ကျူးလွန်နေသူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ၎င်းသည် ကားစမ်းမောင်းစဉ်အတွင်း ဖုန်းဖြင့် ဆက်သွယ်၍ ဝပ်ရှော့တွင် စစ်ဆေးနေသည်ဟု အယုံသွင်းခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Mar 27 • 5:05 AM
Laos
Local News
Share
| 0 | 0 | 0 | 0 |


