back

အီရန်အပေါ် ရုရှားထောက်ခံမှုနှင့်ပတ်သက်၍ ကန်ကို အီးယူ ဖိအားပေးနေ

Mar 27 • 5:04 AM

breaking-news

Myanmar

International

cover

အီရန်အပေါ် ရုရှားထောက်ခံမှုနှင့်ပတ်သက်၍ ကန်ကို အီးယူ ဖိအားပေးနေ

အီရန်အပေါ် ရုရှားထောက်ခံမှုနဲ့ ပတ်သက်ပြီး အမေရိကန်ကို ဥရောပသမဂ္ဂနိုင်ငံတွေက ဖိအားပေးသွားမှာ ဖြစ် တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ တီဟီရန်နဲ့ နီးစပ်တဲ့ ဒ...

အီရန်အပေါ် ရုရှားထောက်ခံမှုနဲ့ ပတ်သက်ပြီး အမေရိကန်ကို ဥရောပသမဂ္ဂနိုင်ငံတွေက ဖိအားပေးသွားမှာ ဖြစ် တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ တီဟီရန်နဲ့ နီးစပ်တဲ့ ဒေသဆိုင်ရာအရာရှိတစ်ယောက်က ရုရှားဟာ အီရန်ကို ဂြိုဟ်တုပုံရိပ်တွေ ပေးအပ်နေပြီး ယူကရိန်းကို တိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ ရုရှားရဲ့ဗား ရှင်းတွေကို တုပဖို့နဲ့ အီရန်ရဲ့ ဒရုန်းတွေကို အဆင့်မြှင့်တင်ဖို့အတွက်လည်း ကူညီပေးခဲ့တယ်လို့ ရိုက်တာသတင်း ဌာနကို ပြောကြားခဲ့ပါတယ်။ အခြားမီဒီယာဌာနတွေကလည်း ရုရှားဟာ အမေရိကန် - အစ္စရေး - အီရန် ပဋိပက္ခ မှာ အီရန်ကို အကူအညီပေးနေကြောင်း ဖော်ပြခဲ့ပြီး တီဟီရန်ဟာ ယူကရိန်းကို တိုက်ခိုက်ရာမှာ မော်စကိုကို အကူအညီပေးခဲ့သလို ရုရှားကလည်း တီဟီရန်ကို ကူညီပေးနေတာဖြစ်တယ်လို့ ပြောကြားထားပါတယ်။ "ရုရှား ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အမေရိကန်စစ်စခန်းတွေကို တိုက်ခိုက်နိုင်ဖို့အတွက် အီရန်ကို ဒရုန်းများစွာ ထောက်ပံ့ ပေးနေတယ်လို့လည်း တီဟီရန်နဲ့နီးစပ်တဲ့ ဒေသဆိုင်ရာ အရာရှိတစ်ယောက်က ပြောကြားထားပါတယ်။ ဒါ ကြောင့် ဥရောပသံတမန်နှစ်ယောက်က မတ်လ ၂၇ ရက်မှာ ကျင်းပမယ့် အစည်းအဝေးအတွင်း ပြဿနာကို ဖြေ ရှင်းဖို့ အမေရိကန်ကို ဖိအားပေးသွားမယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။


news-view-count-icon

10