back

ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ သိပ္ပံနှင့်သုတေသနဝန်းအနီးတွင် ဓာတုပစ္စည်းကြောင့် မီးလောင်မှုဖြစ်ပွား

Mar 27 • 5:00 AM

breaking-news

Myanmar

Yangon

cover

ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ သိပ္ပံနှင့်သုတေသနဝန်းအနီးတွင် ဓာတုပစ္စည်းကြောင့် မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ သိပ္ပံနှင့်သုတေသနဝန်းနှင့် ရန်ကင်းဆေးရုံအနီးတွင် မတ်လ ၂၆ ရက် ည ၈ နာရီကျော်ခန့်က ဓာတုပစ္စည်း (Chemica...

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ သိပ္ပံနှင့်သုတေသနဝန်းနှင့် ရန်ကင်းဆေးရုံအနီးတွင် မတ်လ ၂၆ ရက် ည ၈ နာရီကျော်ခန့်က ဓာတုပစ္စည်း (Chemical) ကြောင့် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်အင်အား ရာကျော်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်။ အဆိုပါမီးလောင်မှုသည် သာမန်ရေဖြင့် ငြှိမ်းသတ်၍မရသော ဓာတုဗေဒမီးအမျိုးအစားဖြစ်သဖြင့် သဲအိတ်များအသုံးပြုကာ ခက်ခဲစွာငြှိမ်းသတ်ခဲ့ရပြီး Level 1 ယာဉ်အုပ်စုအပါအဝင် မီးသတ်ယာဉ်များစွာ ထွက်ခွာဆောင်ရွက်ခဲ့ရသည်။ မီးငြှိမ်းသတ်စဉ်အတွင်း မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် မီးငြှိမ်းသတ်နိုင်ရန် အင်အားအပြည့်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရပါသည်။

news-view-count-icon

9