back

တောင်ကြီးနာရီစင်ဈေးကို ဖျက်သိမ်း၍ အထပ်မြင့်ကားပါကင်ဆောက်လုပ်မည်ဖြစ်သဖြင့် ဈေးသည်များအား နေရာပြောင်းရွှေ့ရန် စည်ပင်ဖိအားပေး

Mar 27 • 4:58 AM

breaking-news

Myanmar

Shan

cover

တောင်ကြီးနာရီစင်ဈေးကို ဖျက်သိမ်း၍ အထပ်မြင့်ကားပါကင်ဆောက်လုပ်မည်ဖြစ်သဖြင့် ဈေးသည်များအား နေရာပြောင်းရွှေ့ရန် စည်ပင်ဖိအားပေး

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ နာရီစင်ညဈေးနေရာတွင် City Square Shopping Centre အတွက် ၈ ထပ်မြင့် အထပ်မြင့်ကားပါကင် တည်ဆောက်ရန် နာရီစင်ဈေးကို ဖျက်သိမ်းမည်ဖြစ်ရာ၊...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ နာရီစင်ညဈေးနေရာတွင် City Square Shopping Centre အတွက် ၈ ထပ်မြင့် အထပ်မြင့်ကားပါကင် တည်ဆောက်ရန် နာရီစင်ဈေးကို ဖျက်သိမ်းမည်ဖြစ်ရာ၊ ဈေးသည်များအနေဖြင့် ကုန်သည်လမ်းရှိ ယာယီဈေးနေရာသို့ ဧပြီလ ၁၈ ရက်နေ့ နောက်ဆုံးထားရွှေ့ပြောင်းပေးရန် စည်ပင်သာယာရေးအဖွဲ့က ဖိအားပေးလက်မှတ်ထိုးခိုင်းနေကြောင်း မဲခေါင်သတင်းအရ သိရသည်။မတ်လ ၂၅ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင် စည်ပင်ဘက်မှ ၃ ရက်အတွင်း သဘောတူလက်မှတ်ထိုးရန်နှင့် မထိုးပါက ဥပဒေအရ အရေးယူမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဈေးသည်များက ဆိုသည်။ အဆိုပါစီမံကိန်းကို သီဟကုမ္ပဏီက ဆောက်လုပ်မည်ဖြစ်ပြီး အဆောက်အအုံပြီးစီးပါက မူလဆိုင်ခန်းနေရာများ ပြန်လည်ရရှိမည်မဟုတ်ဘဲ ဝယ်ယူခြင်း သို့မဟုတ် ငှားရမ်းခြင်းသာ ပြုလုပ်ရမည်ဟု သိရသည်။ ဈေးသည်များမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် နေရာမတည်ငြိမ်မှုများကြောင့် စားဝတ်နေရေးအခက်အခဲများအတွက် စိုးရိမ်ပူပန်လျက်ရှိကြကြောင်း သတင်းဖော်ပြချက်အရ သိရှိရပါသည်။

news-view-count-icon

17