back

လောင်စာဆီဈေးနှုန်း မြင့်တက်မှုကြောင့် ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်း ကဏ္ဍရပ်နားရမည့် အခြေအနေနှင့် ရင်ဆိုင်နေရ

Mar 27 • 4:53 AM

breaking-news

Myanmar

Local

cover

လောင်စာဆီဈေးနှုန်း မြင့်တက်မှုကြောင့် ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်း ကဏ္ဍရပ်နားရမည့် အခြေအနေနှင့် ရင်ဆိုင်နေရ

အရှေ့အလယ်ပိုင်းစစ်ပွဲဂယက်ကြောင့် ဒီဇယ်ဆီဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာမှုသည် ထိုင်းနိုင်ငံ၏ ဒေါ်လာဘီလျံနှင့်ချီတန်ဖိုးရှိသော ငါးဖမ်းလုပ်ငန်းကဏ္ဍကို အကြီးအကျယ...

အရှေ့အလယ်ပိုင်းစစ်ပွဲဂယက်ကြောင့် ဒီဇယ်ဆီဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာမှုသည် ထိုင်းနိုင်ငံ၏ ဒေါ်လာဘီလျံနှင့်ချီတန်ဖိုးရှိသော ငါးဖမ်းလုပ်ငန်းကဏ္ဍကို အကြီးအကျယ် ထိခိုက်စေလျက်ရှိရာ အစိုးရက အချိန်မီ ကြားဝင်ဖြေရှင်းပေးခြင်းမရှိပါက လုပ်ငန်းများ လုံးဝရပ်တန့်သွားနိုင်ကြောင်း လုပ်ငန်းရှင်များက သတိပေးလိုက်သည်။ ဆမွတ်ဆာခွန် ငါးရောင်းဝယ်ရေးအသင်းဥက္ကဋ္ဌ၏ ပြောကြားချက်အရ လက်ရှိတွင် ငါးဖမ်းလှေထက်ဝက်ကျော် ဆိုက်ကပ်နားထားရပြီးဖြစ်ကာ ဧပြီလ ၁ ရက်နောက်ပိုင်းတွင် ဈေးကွက်အတွင်း ရောင်းချစရာငါးမရှိတော့သည့်အထိ ဖြစ်လာနိုင်ကြောင်း သိရသည်။ ထိုင်းဒီဇယ်ဈေးနှုန်းသည် ဖေဖော်ဝါရီလက တစ်လီတာလျှင် ၂၉.၉၄ ဘတ်သာ ရှိခဲ့သော်လည်း မတ်လ ၂၆ ရက်တွင် ၃၈.၉၄ ဘတ်အထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ အစိုးရအနေဖြင့် ငါးဖမ်းသမားများကို ကူညီရန် ဘိုင်အိုဒီဇယ်နှင့် စားအုန်းဆီဈေးနှုန်း ထိန်းချုပ်ရေးအစီအစဉ်များ ပြင်ဆင်နေသော်လည်း လုပ်ငန်းရှင်များမှာမူ ကုန်ကျစရိတ်ဒဏ်ကို ဆက်လက်မတောင့်ခံနိုင်တော့သည့် အခြေအနေဖြစ်နေကြောင်း သိရှိရပါသည်။

news-view-count-icon

12