back

နိုင်ငံတကာနှင့် ပြည်တွင်းပုဂ္ဂလိက ကျောင်းများမှ ပညာရေးဝန်ကြီးဌာနအောက်ရှိ ကျောင်းများသို့ ပြောင်းရွှေ့သင်ယူလိုသူများအတွက် Placement Test ဖြေဆိုရန်ခေါ်ယူ

Mar 27 • 4:54 AM

breaking-news

Myanmar

Local

breaking-news
cover

နိုင်ငံတကာနှင့် ပြည်တွင်းပုဂ္ဂလိက ကျောင်းများမှ ပညာရေးဝန်ကြီးဌာနအောက်ရှိ ကျောင်းများသို့ ပြောင်းရွှေ့သင်ယူလိုသူများအတွက် Placement Test ဖြေဆိုရန်ခေါ်ယူ

နိုင်ငံတကာသင်ရိုးဖြင့် သင်ကြားနေသောကျောင်းများ (နိုင်ငံတကာနှင့် ပြည်တွင်းပုဂ္ဂလိက) မှ ပညာရေးဝန်ကြီးဌာန အောက်ရှိကျောင်းများ (အခြေခံပညာနှင့်ဝန်ကြီးဌာနမှ ခွင့်ပြုထ...

နိုင်ငံတကာသင်ရိုးဖြင့် သင်ကြားနေသောကျောင်းများ (နိုင်ငံတကာနှင့် ပြည်တွင်းပုဂ္ဂလိက) မှ ပညာရေးဝန်ကြီးဌာန အောက်ရှိကျောင်းများ (အခြေခံပညာနှင့်ဝန်ကြီးဌာနမှ ခွင့်ပြုထားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက) သို့ ပြောင်းရွှေ့သင်ယူလိုသူများအတွက် Placement Test ဖြေဆိုရန် ပညာရေးဝန်ကြီးဌာနမှ လျှောက်လွှာခေါ်ယူထား ကြောင်း သိရပါတယ်။ အဆိုပါ Placement Test ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစီအစဉ်ဖြင့် ခရိုင်ရုံးစိုက်ရာမြို့များတွင် မေလ ၄ ရက်မှ ၁၁ ရက်နေ့အတွင်း(တနင်္ဂနွေနေ့မပါ) ဖြေဆိုရမှာဖြစ်တယ်လို့ သိရပါတယ်။

လျှောက်ထားသူသည် မိမိအောင်မြင်ပြီးမြောက်ခဲ့သော Level အရ တက်ရောက်သင်ကြားလိုသော အတန်း၏ တစ်ဆင့်နိမ့်အတန်း Placement Test ကို ဖြေဆိုရမှာ ဖြစ်ပါတယ်။ကျောင်းသား၊ ကျောင်းသူများအနေဖြင့် Placement Test ဖြေဆိုခွင့်လျှောက်လွှာများကို တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများတွင် မတ်လ ၂၅ ရက်နေ့မှစတင်ကာ အခမဲ့ထုတ်ယူပြီး လာမည့် ဧပြီ ၉ ရက်နေ့(ရုံးချိန်)နောက်ဆုံးထား၍ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများသို့ပင် ပြန်လည်တင်သွင်း လျှောက်ထားရမည်ဖြစ်ကြောင်း သိရပါတယ်။

ဖြေဆိုရမည့် အစီအစဉ်နှင့် အသေးစိတ်အချက်အလက်များကို လျှောက်လွှာထုတ်ယူတင်သွင်းခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများတွင် ဆက်သွယ် စုံစမ်း၍ အစီအစဉ်အတိုင်း ဝင်ရောက်ဖြေဆိုရမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် သတ်မှတ်လျှောက်လွှာအတိုင်း ပြည့်စုံစွာဖြည့်စွက်ရမည်ဖြစ်ကြောင်း၊ “ပြည်စုံမှုမရှိသည့် လျှောက်လွှာများ”ဖြင့် လျှောက်ထားပါက လျှောက်ထားမှုအား “ပယ်ဖျက်”မည်ဖြစ်ကြောင်းလည်း ပါရှိပါတယ်။အဆိုပါ လျှောက်လွှာများအား သတ်မှတ်ရက်အတွင်း တင်ပြနိုင်မှုမရှိခြင်းနှင့် သတ်မှတ်နေရာတွင် ဖြေဆိုနိုင်ခြင်းမရှိပါက ဖြေဆိုသူစာရင်းမှ ပယ်ဖျက်ခြင်းကို လိုက်နာရမည်ဖြစ်ကြောင်း ၊ Placement Test ဖြေဆိုသည့် နေ့ရက်များတွင် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကျောင်းဝတ်စုံ(အဖြူ၊ အစိမ်း)ကိုသာ ဝတ်ဆင်ရမည်ဖြစ်ကြောင်းလည်း အခြေခံပညာဦးစီးဌာနမှ အသိပေးထားပါတယ်။

news-view-count-icon

23