အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့၏ ထိပ်သီးတွေ့ဆုံပွဲကို လာမည့် မေလ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ပေကျင်းမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။ မူလက မတ်လနှောင်းပိုင်းတွင် ကျင်းပရန် လျာထားခဲ့သော်လည်း အီရန်စစ်ပွဲအခြေအနေများကြောင့် ရက်သတ္တပတ် ၆ ပတ်ခန့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ သမ္မတထရမ့်ပ်ကလည်း ၎င်း၏ Truth Social လူမှုကွန်ရက်တွင် ယခုခရီးစဉ်အတွက် ပြင်ဆင်မှုများ အပြီးသတ်လုပ်ဆောင်နေပြီး သမ္မတရှီနှင့် တွေ့ဆုံရန် မျှော်လင့်နေကြောင်း ရေးသားခဲ့သည်။ ထို့ပြင် ယခုနှစ်အနှောင်းပိုင်းတွင် တရုတ်သမ္မတဇနီးမောင်နှံက ဝါရှင်တန်သို့ အပြန်အလှန်ခရီးစဉ်အဖြစ် လာရောက်မည့်အစီအစဉ်ကိုလည်း အိမ်ဖြူတော်သတင်းပြန်ကြားရေးမှူး ကာရိုလင်း လီဗစ်က အတည်ပြုပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Mar 27 • 4:52 AM
China
Local News
Share
| 0 | 0 | 0 | 0 |


