ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သမိုင်းဝင် ကျိုက္ကစံစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့အား ရောင်တော်ဖွင့်ပူဇော်ခြင်းနှင့် ရွှေစင်ရွှေပြား၊ ရွှေမျက်ပါးတို့အား ရွှေပန္နက်ချ စတင်ကပ်လှူပူဇော်ခြင်း အခမ်းအနားကို ယနေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်၍ စေတီတော်မြတ်ကြီးအား ရောင်တော်ဖွင့်ပူဇော်ပေးခဲ့ပြီး ရွှေစင်ရွှေပြားများအား ရွှေပန္နက်ချ ကပ်လှူခဲ့ပါသည်။ ထို့ပြင် ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က လက်ခံရယူပြီး ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကစံစေတီတော်မြတ်ကြီးတွင် ရွှေစင်ရွှေပြားနှင့် ရွှေမျက်ပါးများ စတင်ကပ်လှူပူဇော်
Mar 27 • 4:50 AM
Myanmar
Yangon
Share
| 8 | 0 | 0 | 0 |


