ထိုင်းနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ကြောပိတ်ဆို့မှု ထိန်းချုပ်ရေးစင်တာသည် လမ်းပေါ်တွင် ယာဉ်တိုက်မှုများ လျှော့ချနိုင်ရန်အတွက် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဥပဒေအရ တင်းကျပ်စွာ အရေးယူဆောင်ရွက်တော့မည်ဖြစ်သည်။ "ဒဏ်မရိုက်မီ သတိပေးခြင်း" အစီအစဉ်ကို မတ်လ ၃၁ ရက်တွင် အဆုံးသတ်မည်ဖြစ်ပြီး၊ ဇန်နဝါရီလမှစ၍ ယာဉ်စည်းကမ်း ချိုးဖောက်သူပေါင်း ၁ သိန်း ၉ သောင်းကျော်ကို သတိပေးစာများ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ဒုတိယအဆင့်အနေဖြင့် ယာဉ်တိုက်မှုအများဆုံး ဖြစ်စေသည့် ပြစ်မှု ၁၀ မျိုးကို အဓိကထား၍ စစ်ဆေးအရေးယူသွားမည်ဖြစ်ရာ၊ လမ်းအသုံးပြုသူများအနေဖြင့် ဘေးကင်းလုံခြုံရေးအတွက် ယာဉ်စည်းကမ်းများကို တိကျစွာ လိုက်နာကြရန် တာဝန်ရှိသူများက တိုက်တွန်းထားကြောင်း သိရှိရပါသည်။
Mar 27 • 4:49 AM
Thailand
Local News
Share
| 6 | 0 | 0 | 0 |


