back

ထိုင်းမှာ ပစ္စည်း ၇၁ မျိုးအထိ ထိန်းချုပ်ဈေးနှုန်းနဲ့ ဈေးမတက်ရသတ်မှတ်မည်

Mar 27 • 2:28 AM

breaking-news

Thailand

Local News

cover

ထိုင်းမှာ ပစ္စည်း ၇၁ မျိုးအထိ ထိန်းချုပ်ဈေးနှုန်းနဲ့ ဈေးမတက်ရသတ်မှတ်မည်

ထိုင်းနိုင်ငံအတွင်း ပစ္စည်းများဈေးတက်မယ်ဆို အစိုးရရဲ့ အမိန့်ပါမှ၊ ခွင့်ပြုချက်ရမှ တက်လို့ရမယ့် ပစ္စည်းစာရင်းကို ဒီအပတ်ထဲမှာ တိုးမြှင့်သွားဖို့ရှိနေပြီး ထိန်းချု...

ထိုင်းနိုင်ငံအတွင်း ပစ္စည်းများဈေးတက်မယ်ဆို အစိုးရရဲ့ အမိန့်ပါမှ၊ ခွင့်ပြုချက်ရမှ တက်လို့ရမယ့် ပစ္စည်းစာရင်းကို ဒီအပတ်ထဲမှာ တိုးမြှင့်သွားဖို့ရှိနေပြီး ထိန်းချုပ််ဈေးနှုန်းနဲ့ ရောင်းချမှာကို ၇၁ မျိုးနဲ့ ဈေးတက်မယ်ဆို ခွင့်ပြုချက်လိုတာကို ၂၁ မျိုးအထိ တိုးသွားဖို့ရှိပါတယ်။ပါဝင်တဲ့ ပစ္စည်းတွေက အိမ်သာသုံးတစ်ရှူး၊ ပန်းကန်ဆေးပစ္စည်း၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်တို့လို နေ့စဥ်သုံးပစ္စည်းများစွာပါဝင်ပြီး မတ်လ ၃၁ ရက်မှာ အတည်ပြုမှာဖြစ်ပါတယ်။ လက်ရှိမှာလည်း ထိုင်းနိုင်ငံနဲ့ အဝန်း ဈေးနှုန်းပိုင်းမှာ ပေါ်လစီမလိုက်တာတွေ၊ စည်းမျဥ်းစည်းကမ်းနဲ့ မညီတာတွေကြောင့် အရေးယူတာတွေရှိနေပြီး ဈေးနှုန်း မဖော်ပြလို့ ၁၄ မှု၊ ဈေးနှုန်းမတူလို့ ၃ မှု၊ ဈေးနှုန်းမထင်ရှားလို့ ၁ မှု စတာတွေနဲ့ အရေးယူထားပါတယ်။ ဈေးပိုသတ်မှတ်လို့ ၃၃ မှုနဲ့ အရေးယူထားတယ်လို့လည်း ဆိုပါတယ်။

news-view-count-icon

11