ခဲသတ္တုထွက်ရှိတဲ့ ကယား(ကရင်နီ)ပြည် ၊ ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသမှာ လတ်တလော ခဲဈေးမတည်ငြိမ်တာနဲ့ ခဲအရောင်းဝယ် ရပ်နားထားတာကြောင့် ခဲကျင်းလုပ်ငန်းတွေ ထိခိုက်လာတယ်လို့ ခဲကျင်းပိုင်ရှင်တွေက ပြောပါတယ်။ခဲကျင်းလုပ်ငန်းက ခဲရောင်းဝယ်ရေးကနေတဆင့် လည်ပတ်နေရတာဖြစ်သလို ခဲအရောင်းဝယ် ရပ်နားထားတာက ခဲလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုသူတွေကို အခက်တွေ့စေတယ်လို့ ခဲကျင်းပိုင်ရှင်တဦးက ပြောပါတယ်။မော်ချီးဒေသမှာ ခဲရောင်းဝယ်ရေး ရပ်နားထားတာ၊ ခဲဈေးကျဆင်းနေတာ နှစ်ပတ်ခန့်ရှိနေပြီး ခဲဝယ်ယူသူမရှိတာကြောင့် ခဲဈေးက ထပ်မံကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။လက်ရှိ မော်ချီးဒေသမှာ လောင်စာဆီ နဲ့ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေသလို ခဲဈေးကျဆင်းမှုကြောင့်လည်း ခဲသတ္တုတွင်းကို အမှီပြုလုပ်ကိုင်နေကြတဲ့ ဒေသခံတွေ၊ ကျင်းလုပ်သားတွေနဲ့ ခဲအရောင်းအဝယ်သမားတွေကို အခက်တွေ့စေတယ်လို့ ပြောဆိုကြပါတယ်။ ဒေသခံတွေဟာ ဝင်ငွေရအလုပ်တခုဖြစ်တဲ့ ခဲသတ္တုတွင်းကိုသာ အဓိကမှီခိုအားထားပြီး အသက်မွေးဝမ်းကြောင်းပြုနေကြတာဖြစ်ပါတယ်။
Mar 27 • 2:27 AM
Myanmar
Kayah
Share
| 4 | 0 | 0 | 0 |


