ထိုင်း-ကရင်နီနယ်စပ်က (ကယား)ကရင်နီဒုက္ခသည် စခန်းအမှတ်(၁) မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီအမျိုးသားကောလိပ်(KnNC) ကျောင်းကို ပြီးမြောက်အောင် တက်ရောက်ပြီး ကျောင်းမှာ ၃နှစ်တာ တာဝန်ထမ်းဆောင်သူတွေကို B.Ed ပညာရေး ဘွဲ့အပ်နှင်းတယ်လို့ KnNC ကျောင်းတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ KnNC ကျောင်းကို တတိယနှစ်ထိ တက်ရောက်ပြီးမြောက်ပြီး ကျောင်းမှာ ဆရာ၊ ဆရာမအဖြစ် အနည်းဆုံး ၃နှစ် ပြန်လည်တာဝန် ထမ်းဆောင်သူတွေကို ပေးအပ်တာပါ။ ကျောင်းပြီးမြောက်သွားတဲ့ ကျောင်းသားတွေအနေနဲ့ ပညာဆက်လက် သင်ယူလေ့လာပြီး မိမိတို့ရဲ့အသိုင်းအဝန်းမှာ ပြန်လည် အလုပ်အကျွေးပြုကြဖို့ နဲ့ ကရင်နီပညာရေးကဏ္ဍမှာ ဆက်လက်ပူးပေါင်းကြဖို့ကို လက်ရှိ KnNC ဒုတိယနှစ် ရဲ့ Public Health (PH) ဘာသာရပ်ကို ပြန်လည်သင်ကြားပေးနေတဲ့ ဆရာမတဦးက တိုက်တွန်းထားပါတယ်။
ကယား-ထိုင်းနယ်စပ်ရှိ KnNC ကျောင်းပြီး ၃ နှစ်တာ အလုပ်တာဝန် ပြန်လည်ထမ်းဆောင်သူတွေကို B.Ed ပညာရေးဘွဲ့ အပ်နှင်း
Mar 27 • 2:26 AM
Myanmar
Kayah
Share
| 10 | 0 | 0 | 0 |


