back

ထိုင်းမှာ မေလကစပြီး မီတာဘေလ်ဈေးတက်မည်

Mar 27 • 2:25 AM

breaking-news

Thailand

Local News

cover

ထိုင်းမှာ မေလကစပြီး မီတာဘေလ်ဈေးတက်မည်

အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် စွမ်းအင်စရိတ်တွေ မြင့်တက်လာနေလို့ ထိုင်းစွမ်းအင်ဝန်ကြီးဌာနက မေလကနေ သြဂုတ်လအထိ မီတာခ ဈေးနှုန်းအသစ်ကို တိုးမြှင့်ကောက်ခံသွားဖို့ရှိိ...

အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် စွမ်းအင်စရိတ်တွေ မြင့်တက်လာနေလို့ ထိုင်းစွမ်းအင်ဝန်ကြီးဌာနက မေလကနေ သြဂုတ်လအထိ မီတာခ ဈေးနှုန်းအသစ်ကို တိုးမြှင့်ကောက်ခံသွားဖို့ရှိိနေပြီး ပြည်သူတွေဆီက ဆန္ဒမဲ အရင်ကောက်ခံသွားမယ်လို့ဆိုပါတယ်။ အိမ်ထောင်စုတွေနဲ့ လုပ်ငန်းတွေဟာ မတ်လ ၃၁ ရက်နေ့အထိ စွမ်းအင်ကြီးကြပ်ရေးကော်မရှင် (ERC) ဝက်ဆိုဒ်မှာ သူတို့ ကိုယ်တိုင်ပေးဆောင်ရမယ့် မီတာခကို ရွေးချယ်ရမှာဖြစ်ပြီး ဈေးနှုန်း (၃) မျိုးရှိပါမယ်။တစ်ယူနစ် ၃.၉၅ ဘတ်၊တစ်ယူနစ် ၄.၀၈ ဘတ်၊တစ်ယူနစ် ၄.၅၉ ဘတ်ဆိုပြီး ဘာပေးမလဲ ရွေးချယ်ရမှာပါ။ ဒီဈေးတွေက လက်ရှိမီတာ တစ်ယူနစ် ၃.၈၈ ဘတ်ထက် များနေပြီး အမြင့်ဆုံးဈေးဆို ၁၈% လောက် ဈေးကြီးနေတာပါ။ပြည်သူတွေရွေးချယ်လိုက်တဲ့ ဈေးနှုန်းကို ဧပြီ ၁ ရက်နေ့မှာ ကြေညာသွားမယ်လို့ပြောပါတယ်။တစ်ယူနစ် ၃.၉၅ ဘတ်ဖြစ်မယ်ဆိုရင်- လက်ရှိထက် ၂% တိုးလာမှာဖြစ်ပြီး အစိုးရဌာနတွေမှာ မသုံးရသေးတဲ့ ဘတ်ဂျက် ၉.၄ ဘီလျံဘတ်ကို သုံးမှဖြစ်နိုင်မယ့်ဈေးပါ။တစ်ယူနစ် ၄.၀၈ ဘတ်ဆိုရင် ၅% တက်လာမှာဖြစ်ပြီး ထိုင်းလျှပ်စစ်ထုတ်လုပ်ရေးအဖွဲ့ကို တင်နေတဲ့ အကြွေးတောင် ပြန်ဆပ်နိုင်ဦးမှာမဟုတ်ဘူးလို့ဆိုပါတယ်။တစ်ယူနစ် ၄.၅၉ ဘတ်ဆိုရင်တော့ ၁၈% အထိဈေးတက်မှာဖြစ်ပြီး EGAT - ထိုင်းလျှပ်စစ်ထုတ်လုပ်ရေးအဖွဲ့ကို တင်နေတဲ့ အကြွေးတွေအားလုံးဆပ်နိုင်မှာဖြစ်ပါတယ်။မီတာခတွေက အလွန်အမင်းထိုးတက်တာမဟုတ်ဘဲ အကြွေးတွေဆပ်ရမှာရှိနေလို့ တက်တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက အသိပေးထားပြီး အခုလက်ရှိမှာလည်း ဈေးတွေက နေရာတိုင်းမှာ တက်ရိပ်ပြနေပါတယ်။

news-view-count-icon

15