back

ကယားပြည်နယ်တွင် ပိတ်ဆို့မှုနှင့် စက်သုံးဆီကြောင့် ကုန်ဈေးနှုန်းမြင့်တက်ပြီးထမင်းနှပ်မှန်ရန် ရုန်းကန်နေရ

Mar 27 • 2:29 AM

breaking-news

Myanmar

Kayah

cover

ကယားပြည်နယ်တွင် ပိတ်ဆို့မှုနှင့် စက်သုံးဆီကြောင့် ကုန်ဈေးနှုန်းမြင့်တက်ပြီးထမင်းနှပ်မှန်ရန် ရုန်းကန်နေရ

ကယား(ကရင်နီ)ပြည်နယ်မှာ နယ်မြေပဋိပက္ခများကြောင့် လမ်းကြောင်းပိတ်ဆို့မှုနဲ့ စက်သုံးဆီ ပြတ်လပ်မှုတွေကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ထိန်းမနိုင်သိမ်းမရ မြင...

ကယား(ကရင်နီ)ပြည်နယ်မှာ နယ်မြေပဋိပက္ခများကြောင့် လမ်းကြောင်းပိတ်ဆို့မှုနဲ့ စက်သုံးဆီ ပြတ်လပ်မှုတွေကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ထိန်းမနိုင်သိမ်းမရ မြင့်တက်လာနေပါတယ်။ဒီးမော့ဆို အနောက်ခြမ်းမှာ ဆီတလီတာ ကျပ် ၁၀,၀၀၀ အထိ ပေါက်ဈေးရှိနေပြီး နေရပ်စွန့်ခွာရသူ ပြည်သူများဟာ အသားဟင်း မပြောနဲ့၊ ထမင်းနပ်မှန်ဖို့တောင် ရုန်းကန်နေရပါတယ်။ကုန်သည်တယောက်က “အရင်တုန်းကဆို ဆန်တအိတ်မှ ကျပ် ၉၀,၀၀၀ ၊ တသိန်း ဝယ်ရတဲ့ဆန်ဆို အခု တသိန်းခွဲ ဖြစ်သွားတာပေါ့။ ပြီးတော့ ဥပမာ အချိုရည်ဆိုရင်လည်း ရိုးရိုးအချိုရည် စပျစ်အချိုရည်ဆိုရင် ၁၁,၀၀၀ ဝယ်ရတဲ့အချိန်မှာ အခုဆို ၁၄,၀၀၀ ဖြစ်သွားပြီ။ အကုန်လုံး တက်တယ်၊ ပြောမယ်ဆို နောက်ဆုံး ကြွပ်ကြွပ်အိတ်ကအစ တက်တယ်”လို့ ပြောပါတယ်။

news-view-count-icon

9