ဧရာ၀တီတိုင်းဒေသတွင်း မြို့နယ်တွေနဲ့ ဧရာ၀တီ - ရန်ကုန် ပြေးဆွဲနေတဲ့ ကားခတွေဟာ အရင်ကထက် နှစ်ဆကျော်ထိ စျေးတက်သွားတယ်လို့ ကားလက်မှတ် အရောင်းဌာနတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။အရင်တုန်းက ရန်ကုန်ကနေ ပုသိမ်ကို ကားကြီး(Express)တွေနဲ့ သွားရင် ကျပ်နှစ်သောင်းဝန်းကျင်၊ ကားသေးတွေနဲ့ သွားရင် တသောင်းခွဲဝန်းကျင်သာ ပေးခဲ့ရပေမယ့် အခုအခါ ကားကြီးနဲ့ ငါးသောင်းကျော်၊ ကားသေးနဲ့ သုံးသောင်းဝန်းကျင် ထိ စျေးတက်သွားတာပါ။“တက်သွားပါတယ်။ ဆီစျေးတွေကြောင့်ပါ၊ ဆီတန်းစီရတော့ သင်္ကြန်နဲ့ ထွက်ဖို့တောင် မသေချာဘူး။ စျေးက အဲဒီ လိုတက်တာပါ။ တခြားလိုင်းတွေလည်း အကုန်တက်ပါတယ်” လို့ ကားလက်မှတ်အရောင်းဌာနမှ ဝန်ထမ်းတဦးက ပြောပါတယ်။အချို့ယာဉ်လိုင်းတွေမှာ ဓါတ်ဆီမရတာကြောင့် ကားအချို့ရပ်နားထားရတယ်လို့လည်း သူကပြောပါတယ်။ ဒါ့အပြင် ရန်ကုန်ကနေ မြန်အောင်၊ ကြံခင်းဘက်သွားတဲ့ ကားခတွေဟာလည်း အရင်က နှစ်သောင်းဝန်းကျင်သာ ရှိခဲ့ရာကနေ အခုအခါ လေးသောင်းခွဲဝန်းကျင်ထိ စျေးတက်သွားခဲ့ပါတယ်။
Mar 27 • 1:44 AM
Myanmar
Ayeyarwady
Share
| 8 | 0 | 0 | 0 |


