ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ သမိုင်းဝင် လောင်းဘီယန် (Long Bien) တံတားအား အရေးပေါ် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရန်အတွက် မတ်လ ၂၈ ရက် (စနေနေ့) နံနက် ၉ နာရီမှစတင်၍ မေလ ၂၇ ရက်နေ့အထိ ရက်ပေါင်း ၆၀ ကြာ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါကာလအတွင်း တံတားပေါ်ရှိ ဆိုင်ကယ်နှင့် လမ်းလျှောက်သူများ သွားလာမှုကို နှစ်ဖက်စလုံးတွင် ပိတ်ပင်ထားမည်ဖြစ်ပြီး၊ သွားလာသူများအနေဖြင့် အနီးနားရှိ ချောင်ယမ်း (Chuong Duong) တံတားသို့ လမ်းကြောင်းပြောင်း သွားလာကြရန်နှင့် ဘေးကင်းလုံခြုံရေးအတွက် စည်းကမ်းချက်များအတိုင်း လိုက်နာကြရန် အာဏာပိုင်များက သတိပေးနှိုးဆော်ထားပါသည်။
ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းရှိ လောင်းဘီယန်တံတားတွင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရက်ပေါင်း ၆၀ ကြာ လမ်းပိတ်မည်ဖြစ်
Mar 27 • 1:35 AM
Vietnam
Local News
Share
| 6 | 0 | 0 | 0 |


