ရီးရဲလ်မက်ဒရစ်အသင်း ဂန္ထဝင်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ သားဖြစ်သူ စီရော်နယ်ဒို ဂျူနီယာက ရီးရဲလ်မက်ဒရစ် အကယ်ဒမီမှာ ပြန်လည်လေ့ကျင့်ခန်းဆင်းနေပြီလို့ သိရပါတယ်။အသက် ၁၅ နှစ်အရွယ် ရော်နယ်ဒိုဂျူနီယာဟာ အင်္ဂါနေ့က ရီးရဲလ် ယူ-၁၆ အသင်းနဲ့အတူ လေ့ကျင့်ခဲ့ပြီး အနာဂတ်မှာ အကယ်ဒမီကို အပြီးသတ်ပြောင်းဖို့ အလားအလာရှိနေပါတယ်၊၊အသက် ၁၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒို ဂျူနီယာဟာ အခုလောလောဆယ် ဖခင်ဖြစ်သူရှိရာ ဆော်ဒီကလပ် အယ်လ်နာဆာမှာ ရှိနေပေမဲ့ ရီးရဲလ်ကို ပြောင်းလာဖို့က အခြေအနေ တော်တော်များနေတာပါ။တကယ်လို့ ရီးရဲလ်ကိုသာ အမှန်တကယ်ပြောင်းဖြစ်ခဲ့ပါက မန်ယူ၊ ဂျူဗင်တပ်စ်နဲ့ အယ်လ်နာဆာတို့ အပြီး ဖခင်ဖြစ်သူရဲ့ ခြေရာကို လိုက်နင်းတဲ့ ၄ ခုမြောက် ကလပ်အသင်း ဖြစ်လာမှာပါ။ သူဟာ အမေရိကန်မှာ မွေးတာဆိုပေမဲ့ ပေါ်တူဂီ ယူ-၁၇ အသင်းအတွက်ပဲ ရွေးချယ်ကစားပေးနေသူလည်း ဖြစ်ပါတယ်။
Mar 27 • 1:44 AM
Myanmar
International
Share
| 11 | 0 | 0 | 0 |


